စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ ဘုရားပေါ်ကို ဖိနပ်စီးတက်ရောက်ခဲ့တဲ့အပေါ်  တပ်ချုပ်ရုံးရဲ့ ဝက်ဆိုက်မှာ ဖော်ပြရာကတဆင့် ပြည်သူတွေ သိရှိခဲ့ရပါတယ်။

အာဏာသိမ်းဒုတိယခေါင်းဆောင်ဟာ ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့်ဒေသများတွေကို သွားရောက်ရင်း ဧပြီလ ၇ရက်က တောင်ငူမြို့သို့ရောက်ရှိစဉ်စစ်ကိုင်း ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်ပြိုကျပျက်စီးသွားတဲ့ နန်းတော်ဦးလောကမာရဇိန်စေတီတော်ကို သွားရောက်စဉ် ရင်ပြင်တော်ပေါ် ဖိနပ်စီး တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

တပ်ချုပ်ရုံးရဲ့ တရားဝင်ဝက်ဆိုက်ဖြစ်တဲ့ cincds က ဧပြီ ၈ ရက် သတင်းဖော်ပြရာ အောက်ဆုံးမှာ “မှတ်ချက်။ (သတင်းစာများတွင်) အပျက်အစီးတွေ့ရှိများ၊ အပျက်အစီးများ ဦးစားပေးသုံးရန်။ နန်းတော်ဦး ဘုရားတွင် ဖိနပ်စီးထားသဖြင့် ပုံသုံးရာတွင် ဂရုပြုသုံးရန်၊ ဆွာချောင်းတံတား ပျက်စီးမှုနှင့် ပြင်ဆင်ဆောင်ရွက်နေမှုများအား သင့်တော်သလိုသုံးရန်”ဟု ရေးသားထားသည့် မှတ်ချက်ကိုဖော်ပြထားပါတယ်။

ဒုစစ်ခေါင်းဆောင် စိုးဝင်း နန်းတော်ဦး ဘုရားရင်ပြင်ပေါ် လာရောက်စစ်ဆေးချိန်နဲ့ ဖိနပ်စီးတက်ရောက်ခဲ့ချိန်မှာ ပြည်သူတွေလည်း ဘုရားပေါ် ဝင်ရောက်ခွင့်မရှိခဲ့ပါဘူး။

ဒေသခံတွေကတော့ ဘုရားရင်ပြင်မှာ အပျက်အစီးတွေ ရှိစေကာမူ ဖိနပ်စီး တက်ရောက်မှုဟာ လက်ခံနိုင်ဖွယ်ရာမရှိဘူးလို့ ပြောနေပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်းအပါ စစ်ကောင်စီ အထိုင်စခန်း (၃)ခု ကို တပြိုင်တည်း တိုက်ခိုက်၊ အရာခံဗိုလ်အပါ စစ်သား ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်းအပါအဝင် စစ်ကောင်စီ အထိုင်စခန်း (၃)ခု ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာခံဗိုလ်အပါအဝင် အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့မရဲစခန်းနှင့် ထားဝယ်မြို့ ဝန်ကြီးအိမ်ရာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ရေဖြူမြို့မရဲစခန်းနဲ့ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို Fixed Wind ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)ပြည့် မွေးနေ့အတွက် MDY-PDF ၏ ဆုတောင်းဓာတ်ပုံများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ နောက်တန်းဌာနတွေမှာရှိတဲ့ စစ်သည် စစ်မေတွေက “Happy Birthday Suu” ဆိုပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုပုံရိပ်တွေကို MDY-PDF က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပေါ်တာဆွဲခံရပြီး စစ်သားဖြစ်လာသူက ညီဖြစ်သူရှိရာ PDF တပ်ရင်းထံ အလင်းဝင်ကာ အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်မည်

ပဲခူးတိုင်း၊ ​တောင်ငူမြို့နယ်မှာ အိမ်ပေါ်အထိ ပေါ်တာတက်ဆွဲခံရပြီး စစ်မှုထမ်းတပ်သားဖြစ်လာသူက ညီဖြစ်သူရှိရာ PDF တပ်ရင်းထံ အလင်းဝင်ရောက်လာပြီး အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်သွားဖို့ရှိကြောင်း နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း 803 တပ်ရင်းမှူး ရဲဘော်ရာမွန် က မောင်းကိုပြောပါတယ်။
Read More

TNLA က အကျင့်စာရိတ္တပြုပြင်ရေးကျောင်း ဖွင့်လှစ်ပြီး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေ

TNLA က သူတို့ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာ အကျင့်စာရိတ္တပြုပြင်ရေးကျောင်း ဖွင့်လှစ်ပြီး မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူတွေကို ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ကာ ပြုပြင်ပေးနိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားတဲ ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပုံရိပ်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။