မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်မှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဧပြီ ၆ ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေ အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ ထံက သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီကြာခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြားသေဆုံးကာ အမှတ် ၁၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်သား ၈ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့နဲ့အတူ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ BGF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆိပ်ဖြူမြို့နယ် ကပစ ၂၂ သို့ သွယ်တန်းထားသည့် မီးတိုင်များကို ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကပစ ၂၂ လက်နက်ခဲယမ်းထုတ်လုပ်ရေး စက်ရုံဆီ သွယ်တန်းထားတဲ့ မီးကြိုးတွေကို ရှင်းလင်းပြီး ခဲယမ်းထုတ်လုပ်ရေးကို ရပ်တန့်စေခဲ့တယ်လို့ ဆိပ်ဖြူအခြေစိုက်​ တော်လှန်ရေးတပ်ဆီက သိရပါတယ်။
Read More

မုံရွာမြို့ပေါ် ရေဦးဆန်ဆိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး စစ်ဗိုလ်နှင့် ရဲအရာရှိ အပါအဝင် ၄ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က ရေဦးဆန်ဆိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်၊ ရဲအရာရှိ ၁ ယောက် အပါအဝင် ၄ ယောက်သေဆုံးခဲ့တယ်လို့ Gue Gue PSF စစ်ကြောင်းထံက သိရပါတယ်။
Read More

ပြည်သူများ သွေးမအေးသေးကြောင်း ပြသသည့် UAE မြို့ပြဂီတည (ရုပ်/သံ)

UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မြို့ပြဂီတည ဖျော်ဖြေပွဲကို တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် Lလွန်းဝါ၊ ကောင်းကောင်းနဲ့ ခင်ဘုဏ်းတို့ လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။
Read More

မြင်းခြံတွင် သီတာယုမွန်ပျူအဖွဲ့ကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်၊ ပျူ ၁၅ယောက်ထက်မနည်း သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ သီတာယုမွန်ပျူအဖွဲ့ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးခဲ့ရသည့် ရဲဘော်များအတွက် DMO Local PDF အောက်မေ့ခြင်း အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို DMO Local PDF ရဲဘော်၊ ရဲမေတွေကို နိုဝင်ဘာ ၂ ရက်က သင်္ချိုင်းပွဲ (ကွယ်လွန်သောသူအတွက် အောက်မေ့ဖွယ်ရာနေ့) မှာ ဖယောင်းတိုင်မီးထွန်းခြင်း၊ မိစ္ဆာတောင်းဆိုခြင်းနဲ့ အလေးပြုခြင်းတွေ ပြုလုပ်ခဲ့ကြတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

သာသနာဘောင်မှာ ၂၅ နှစ်နေထိုင်ပြီး ရွာမီးရှို့ခံရတဲ့အတွက် တော်လှန်ရေးထဲပါဝင်ခဲ့တဲ့ ရဲဘော် ပုလဲဦးဇင်း (ရုပ်/သံ)

သာသနာဘောင်မှာ ၂၅ နှစ်နေထိုင်ပြီး ထိုင်းနိုင်ငံမှာ ပညာဆည်းပူးနေစဉ် ရွာမီးရှို့ခံရတဲ့အတွက် တော်လှန်ရေးထဲဝင်ရောက်လာခဲ့တဲ့ ရဲဘော် ပုလဲဦးဇင်းအကြောင်းကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA က ရုပ်သံမှတ်တမ်းထုတ်ပြန်ခဲ့ပါတယ်။