ပြည်သူထောင်ချီ သေဆုံးကာ တိုက်တာအဆောက်အဦးများစွာ ပြိုကျပျက်စီးခဲ့ရတဲ့ ပြင်းထန်ငလျင်ကို ကြုံတွေ့ခဲ့ရပြီး မကြာမီမှာပဲ အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကို  လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။ အခုလို ရွေးကောက်ပွဲကို ဒီဇင်ဘာလမှာ ကျင်းပဖို့ စီစဉ်နေတာကြောင့် လာမယ့် မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို လျှောက်ထားရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ချင်ရင် မေလ ၉ ရက်နေ့ နောက်ဆုံးထား မှတ်ပုံတင်ဖို့ အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ညွှန်ကြားလိုက်တာပါ။

နိုင်ငံရေးပါတီတည်ထောင်တာနဲ့ မှတ်ပုံတင်တာ၊ နိုင်ငံရေးပါတီတွေပူးပေါင်းပြီး ပါတီတစ်ခုတည်းအဖြစ် တည်ထောင်တာတွေကို ရွေးကောက်ပွဲအမီဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အချိန်လုံလောက်စွာ ရရှိစေဖို့အတွက် အခုလို မေလကို နောက်ဆုံးထား သတ်မှတ်လိုက်တာလို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ နိုင်ငံရေးပါတီ ၅၆ ပါတီ ရှိပြီး တည်ဆဲနိုင်ငံရေးပါတီ ၅၄ ပါတီရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ကနဦးထုတ်ပြန်ချက်တွေအရ  နိုင်ငံတစ်ဝန်းတည်ငြိမ်တဲ့ နေရာတွေကို ရွေးချယ်ပြီး မဲဆန္ဒနယ် ၁၀၀ ကျော်လောက်မှာ ကျင်းပပြုလုပ်မယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲကို NUG နဲ့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ထားပြီး နိုင်ငံတကာကလည်း ရွေးကောက်ပွဲထက် တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးလုပ်ဆောင်ဖို့  တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူ၊ ရှင်မကန်ရွာရှိ စစ်အုပ်စုကို တော်လှန်ရေးတပ်များ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေရှိရာ ရှင်မကန်ရွာကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုတွေရှိကြောင်း Cobra One တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျန်းမာရေးမကောင်းသည့် စစ်ရှောင်မိန်းကလေးကို ရှမ်းနီ SNA တပ်သား အဓမ္မပြုကျင့်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်သားက စစ်ရှောင်အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မိသားစုဝင်ထံက သိရပါတယ်။
Read More

ရာမညမွန်တပ်တော် RMA နှင့် မွန်လွတ်မြောက်ရေးတပ်တော် MLF ပေါင်းစည်း

စစ်အာဏာရှင်စနစ်ကို ထိထိရောက်ရောက် တိုက်ဖျက်ချေမှုန်းနိုင်ဖို့အတွက် မွန်လွတ်မြောက်ရေးတပ်တော် (MLF) နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD)/ RMA တို့ ပေါင်းစည်းလိုက်ကြောင်း အဆိုပါအဖွဲ့တွေက ပူးတွဲထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ကန်နီပျူရွာထဲ ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ၊ မြေပြင်ကပါ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းတွေနဲ့ သွားရောက်ဗုံးချရင်း မြေပြင်မှာပါ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ကြောင်း ဗစ် တာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အမေရိကန် အကြီးတန်းသံအမတ် မြန်မာ့အရေးကို ထိုင်းမှာ လာရောက် ဆွေးနွေးမယ်

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေမှာ တာဝန်ခံမှုရှိစေဖို့ အမေရိကန် အကြီးတန်း သံအမတ်ကြီးဖြစ်သူ Beth Van Schaack ဟာ ထိုင်းနိုင်ငံကို လာရောက်ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက တရားဝင် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့…
Read More

မယ်သမီခီး(ထီးခီး)ကျေးရွာကို ဂျက်ဖိုင်တာလေယာဉ်နဲ့ စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီမနက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။