ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အရပ်သားနေအိမ်တွေနဲ့ ခရစ်ယာန်ဘာသာရေးကျောင်း‌ဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်တွေ အထိနာပြီး ဆုတ်ခွာသွားတယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဧပြီလ ၇ရက် မနက်ပိုင်းက ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၂) တောင်ငူခရိုင်၊ သံမိုးတောင် ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ထုံးဘိုကြီးကျေးရွာအထွက်မှာ တော်လှန်ရေးတပ်တွေက ဆီးကြိုတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

နှစ်ဖက်ပစ်ခတ်မှု ၁၅မိနစ်ကျော်ဖြစ်ပွားခဲ့ပြီးတဲ့​နောက် အထိနာသွားတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ထုံးဘိုကြီး‌ကျေးရွာကို ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ရွာအတွင်းရှိနေတဲ့ စျေးဆိုင်၊ ကားနဲ့ ဆိုင်ကယ်တွေကို ဖျက်ဆီးခဲ့သလို လမ်းသွား ပြည်သူတွေကိုလည်း ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ပဒဲ ရွာကနေပြီး တက်လာတဲ့စစ်ကြောင်းပါ။ အဲ့စစ်ကြောင်းက သံမိုးတောင်ရွာထိပဲတက်ပြီး အိမ်တွေနဲဲ့ ခရစ်ယာန်သီလရှင်‌ ကျောင်းတွေကို မီးရှို့ပြီး ပြန်လာကြတာ။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပြီး ထုံးဘိုကြီးစခန်းကို ပြန်ဆုတ်သွားတယ်။ သိရသလောက် တစ်ယောက်တော့သေတယ် နှစ်ယောက်တော့ ဗိုက်​တွေထိတယ်ကြားတယ်။” လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တောင်ငူ-လိပ်သိုလမ်းပိုင်းက ထုံးဘိုကြီးရွာနဲ့ သင်္ချိုင်းကုန်းတို့မှာ အင်အား ၁၀၀ဝန်းကျင်နဲ့ ဝင်ရောက်တပ်စွဲထားတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မတိုင်ခင် ဧပြီ ၆ ရက် နေ့လယ်ပိုင်းကလည်း ကမ်းနီးကျေးရွာ ပျူကင်းပုန်းတွေကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၁ ယောက်သေကာ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာလည်း တောင်ငူ-လိပ်သိုလမ်းမပေါ် ဖြတ်သန်းသွားလာမယ့် ယာဉ်တွေကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိသာ ခွင့်ပြုထားတဲ့အတွက် မိဘပြည်သူတွေ အရေးပေါ်ကိစ္စရှိရင် နီးစပ်ရာ အဖွဲ့အစည်းတွေထံ အကြောင်းကြားပြီးမှ ဖြတ်သန်းသွားလာကြဖို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားပါသေးတယ်။

“သတိပေးချက်တွေက အစတည်းက ထုတ်ထားပြီးသားပါ။ ဆိုင်းဘုတ်တွေလည်း ကပ်ထားပြီးသားပါ။ပြည်သူတွေ လိုက်နာမှုအားနည်းလို့ ထပ်ထုတ်ပြန်တာပါ” လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မာနယ်ပလောကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings တရားဝင်ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်းရှိရာ မာနယ်ပလောစခန်းကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

မော်လမြိုင်မှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေး အဖွဲ့ဝင်နဲ့ ရဲဒုတပ်ကြပ် စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ၁၆လမ်း၊ ပန်းခြံကျောင်းဘုန်းကြီးကျောင်း အရှေ့က နေအိမ်တစ်ခုမှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေးအဖွဲ့ဝင် နိုင်မင်းမင်းဇော်နဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲဒုတပ်ကြပ် ထက်ဝေအောင်တို့ စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါးပြီး ရဲဒုတပ်ကြပ်ရဲ့ ဘယ်ဘက်ရင်အုံကို ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီစခန်းကုန်းတွေဆီ ရောက်လာမယ့် FW (Hercules)

လက်ရှိတော်လှန်ရေးမှာ မြေပြင်ရဲဘော်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့အတူ ဒရုန်းစစ်ဆင်ရေးတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။
Read More

နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်မည်ဟု NUG အသိပေး

ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်တံခါး၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ဦး PDF ထံ လက်နက်နှင့် အလင်းဝင်

ရန်ကုန်တိုင်းအတွင်း တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျ​နေတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ယောက်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ မြေးအဖွား သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။