ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ဒီနေ့ ဧပြီ ၉ရက်မှာ တရားဝင် အသိပေးထုတ်ပြန်ပါတယ်။

ဖလမ်းတစ်မြို့နယ်လုံး စစ်ကောင်စီကင်းစင်သွားပြီလို့ ကြေညာကာ တိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကိုလည်း ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နဲ့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၂၅ ဧပြီလမှသာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖလမ်းမြို့မကျဖို့ စစ်ကောင်စီရဲ့ ခလရ ၂၆၈ က အပြင်းအထန်ခံစစ်ပြင်ခဲ့တာဖြစ်ပြီး စစ်ကူအင်အားအမြောက်အမြားနဲ့ ခုခံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖလမ်းမြို့ မကျစေရေးအတွက် ရှိရင်း ခလရ ၂၆၈ တပ်ရင်း အင်အားအပြင် ၂၀၂၄ ဒီဇင်ဘာလမှာ ခလရ ၈၉ က စစ်ကူအင်အား ၁ဝဝ ဝန်းကျင်နဲ့ ၂၀၂၅ မတ်လမှာ တပ်မ ၇၇ လက်အောက်ခံ ခလရ ၃၉၁ က စစ်ကူအင်အား ၁၀ဝ ခန့် အင်အားအကြိမ်ကြိမ်ပို့ဆောင်ပြီး ခုခံခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီဟာ လေကြောင်းကနေ အကြိမ်ပေါင်း ၁၀၀၀ ကျော် တိုက်ခိုက်ကာ ဖလမ်းမြို့မကျစေဖို့ လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ 96 Soldiers PDF ၊ Anti-Fascist Internationalist Front (AIF) ၊ Burma National Revolutionary Army (BNRA) ၊ Burmese Revolutionary Technical Front (BRTF) ၊ Generation Z Army (GZA) ၊ Giant Revolution Force (GRF) ၊ Harmonious Northern Brothers (HNB) ၊ Kalay Revolution Force (KRF) ၊ Kalay Urban Guerrilla (Kalay UG) ၊ Myingyan Black Tiger (MBT) ၊ National Liberation Army (NLA) ၊ Revolution Ambulance Wolf (RAW Medical Team) ၊ Sagaing Federal Troop (SFT-Sol) ၊ Yaw Defense Force (YDF) ၊ Zo Army (ZA) ၊ ကလေးခရိုင် ပကဖနဲ့ Drone အဖွဲ့တို့ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို စစ်ဆင်ရေး အောင်မြင်မှုဟာ မဟာမိတ် တပ်ဖွဲ့ဝင်အားလုံးရဲ့ ကြံ့ကြံ့ခံ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ အာရက္ခတပ်တော် AA ရဲ့ လက်နက်ခဲယမ်းနဲ့ စစ်ရေးအကြံဉာဏ် ပံ့ပိုးမှုတွေ၊ ပြည်သူတွေရဲ့ ထောက်ပို့ကူညီမှုတွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကလေးခရိုင် ပကဖ ရဲဘော်အတွက် ချီးမြှင့်ငွေ ထောက်ပံ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် အခမ်းအနားနဲ့ ချီးမြှင့်ငွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖာပွန် – ဘီးလင်း လမ်းပိုင်းရှိ စစ်ကောင်စီရဲ့ လှဂွန်းပျိုတပ်စခန်းက ဗိုလ်မှူး (၁) ယောက် အပါ (၁၆) ယောက် လက်နက်ချ အလင်းဝင်

ကရင်ပြည်နယ်၊ ဖာပွန် - ဘီးလင်း ကားလမ်းမအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လှဂွန်းပျိုတပ်စခန်းက ဗိုလ်မှူး (၁) ယောက် အပါအဝင် တပ်ဖွဲ့ဝင် (၁၆) ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF အမှတ်(၂၇) ဗျူဟာတာဝန်ခံနဲ့ ချိတ်ဆက်ကာ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

ကျားဖြန့်ဆိုတာ ဘာမှန်းသေချာမသိကြောင်းနှင့် မိမိ လုံး၀မပတ်သက်ကြောင်း စောချစ်သူ ငြင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ မိမိဟာ လုံး၀ပတ်သက်ခြင်းမရှိဘူးလို့  ကရင်နယ်ခြားစောင့်တပ် (BGF/KNA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။
Read More

ကေတုမတီလေတပ်စခန်း တိုက်ခိုက်မှု ဒုဗိုလ်မှူးကြီး ၂ဦး၊ ဗိုလ်ကြီး ၂ ဦးအပါ ၁၀ဦး သေဆုံး ဒရုန်းဂိုဒေါင် မီးလောင်ကာ Jet Fighter ၂ စီး၊ Y-8 ၁ စီး ထိခိုက်ပျက်စီး

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

သမိုင်းဝင်ခြံအမှတ် ၅၄ ကိုလျှော့စျေးဖြင့် လေလံတင်မတင် ရက်ပိုင်းအတွင်း တရားရုံးကဆုံးဖြတ်မည်

ရန်ကုန်မြို့က သမိုင်းဝင် ခြံအမှတ် (၅၄) ကိုလျှော့စျေးနဲ့ လေလံတင်၊ မတင် မကြာခင်ရက်ပိုင်းအတွင်းတရားရုံးက ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင် နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ အင်းလျားကန်ဘေးက ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ဈေးလျှော့ပြီး လေးကြိမ်မြောက် လေလံတင်မဲ့အပေါ် နှစ်ဖက်ရှေ့နေတွေက ကမာရွတ်ခရိုင်တရားရုံးမှာ မတ်လ ၂၀ ရက်နေ့က လျှောက်လဲချက် ပေးခဲ့ပါတယ်။
Read More

ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့ကို ကိုယ်စားပြုသည့် Chin Defence Force – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တို့ကို ထိန်းချုပ်ထားတဲ့ Chin Defence Force - Kanpetlet က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။