မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲမှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက်​ရင်း တိုက်ပွဲအတွင်း အရပ်သားတွေ ရောနှောလာတာကြောင့် အရပ်သားထိခိုက်မှုမရှိရအောင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

ဧပြီလ ၇ရက် မနက်ပိုင်းက ငါးသရောက်မြို့နယ်ခွဲ ရဲစခန်းကနေ ထွက်လာတဲ့ စစ်သားနဲ့ရဲ ၁၀ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုမိုင်းဆွဲရင်း ၄၀မမ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်အုပ်စုတွေကို မန်းဘခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ပုဂံညောင်ဦးအခြေစိုက် ဂဠုန်ပြောက်ကျားတပ်ဖွဲ့ (Garuda Secret Force)၊ နပတ (၇၀၄) နဲ့ Local တပ်ပေါင်းစု တပ်ရင်းတွေ
ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

တိုက်ပွဲရှိရာ သွားနေသည့် မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

အဲ့ဒီနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးနေချိန် အရပ်သားတွေနဲ့ စစ်အုပ်စုတွေ ရောနှောလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က အရပ်သားတွေ ထိခိုက်မှုမရှိအောင် ဆုတ်ခွာခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အရပ်သားပြည်သူတွေအနေနဲ့ စစ်ကောင်စီ (အထိုင်စခန်း)တွေနဲ့ စစ်ရေးပစ်မှတ်တွေရဲ့ အနီးတဝိုက်ကို သွားလာခြင်းမပြုလုပ်ကြဘဲ တော်လှန်ရေးတပ်တွေကို ကူညီပူးပေါင်းပေးကြဖို့ မန်းဘခိုင် ပုဂံညောင်ဦးအ​ခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

 

0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က နေ့စဥ်ဆိုသလို လေကြောင်းဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ရေးရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်က နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဆီဆုံကုန်းရွာမှာ စစ်ကောင်စီတပ် ရွာပတ်လည် မိုင်းဆင်ကာ လူသတ်ပွဲလုပ်နေ၊ ဒေသခံ ၁၀ ယောက်ကျော် အသတ်ခံထားရပြီး တချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထား

ပဲခူးတိုင်း၊ နတ်တလင်းမြို့က ဆီဆုံကုန်းရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ပြည်သူ ၁၀ ယောက်ကျော်ကို သတ်ဖြတ်ကာ ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရကာ နောက်တန်း ခေတ္တပြန်နားတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကြိုဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူး စစ်ဆင်ရေးအပါအဝင် အခြားသော မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး နောက်တန်း ခေတ္တပြန်ကာ ဆေးကုသမှုခံယူကြတဲ့ ဒဏ်ရာရရဲယော်တွေနဲ့ နာမကျန်း ရဲဘော်တချို့ကို ယင်းမာပင် ခရိုင်အတွင်း ကျေးရွာဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။
Read More

စစ်ကောင်စီက MNDAA ထိန်းချုပ်ထားတဲ့မြို့တွေကို ၃ လအတွင်း ၂၅ ကြိမ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရ

ရှမ်းမြောက်ဒေသက MNDAA ထိန်းချုပ်သိမ်းပိုက်ထားတဲ့ မြို့တွေကို စစ်ကောင်စီက ၃ လ အတွင်း လေကြောင်းကနေ ၂၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက် စစ်တပ် ပြည်သူ့စစ်မှုထမ်း စစ်သား ၂ ဦး KNLA ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး (KNU ) ထိန်းချုပ်ရာကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဖားအံခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၇) ဆီ အကြမ်းဖက်စစ်တပ် ပြည်သူ့စစ်မှုထမ်းစစ်သားနှစ်ယောက် လက်နက်ချ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

ကျွန်းလှအနောက်ခြမ်းတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ် လေကြောင်း အဆက်မပြတ် အသုံးပြုနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း စစ်တပ်လော်ဘီတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။