နိုင်ငံတစ်၀န်း ငလျင်ဘေးသင့်နေချိန်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု ၉၂ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၇၀ ကျော်သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အသိပေးထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း  သေဆုံးခဲ့ရသူ ၇၀ ကျော်မှာ  (၁၈)နှစ်အောက် ကလေးငယ် ၆ယောက်၊ အမျိုးသမီး ၃၀ အပါအဝင် အရပ်သားပြည်သူ (၇၂) ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုတွေထဲမှာ ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်းအတွင်း ၁၈ကြိမ်၊ မန္တလေးတိုင်းအတွင်း ၁၈ ကြိမ်အထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုနဲ့ သေဆုံးထိခိုက်တဲ့ ပြည်သူအရေအတွက်ဟာ မြေပြင်မှာ အခုထက် ပိုမိုများပြားနိုင်တယ်လို့လည်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဧပြီလ၂ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်စဲမယ်လို့ ပြောကြားထားပေမယ့် မြေပြင်မှာတော့ စစ်ကောင်စီက လေကြောင်းအပါအဝင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

လုံခြုံရေး စစ်ဆေးမှုလုပ်ဆောင်နေသည့် တော်ဝင်ဒေါင်းတပ်ရင်း အမျိုးသမီးစစ်သည်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ တော်ဝင်ဒေါင်းတပ်ရင်းက အမျိုးသမီးစစ်သည်တချို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါ စစ်ကြောင်းက ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ပေါက်နဲ့ ကမ္မမှာ စစ်အုပ်စုတွေ ဒရုန်းနဲ့ရော စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ရော စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက်သေဆုံးခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦး PNLA ဆီ ထွက်ပြေးခိုလှုံလာ

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ယောက်က စစ်ကောင်စီတပ် နှိပ်စက်တာကို မခံနိုင်တော့တာကြောင့် ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းတွင် ရွာမီးရှို့နေသည့် စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်က သိုက်ချောင်းကျွေးရွာကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

ရေဦးက စစ်ဘေးမီးဘေးသင့် ပြည်သူတွေကို စောင်ခြုံတွေ လှူဒါန်း (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က စစ်ဘေးသင့် မီးဘေးသင့် ပြည်သူတွေကို "ကံစမ်းရင်းလှူ လှူရင်းကံစမ်းကြသူများ" နဲ့ "ကြယ်ငါးကောက်သူများအဖွဲ့" တို့ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ "ဒီပဲယင်းမြိုနယ်ညီနောင်များ" ရဲ့ကိုယ်စား ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) တို့အဖွဲ့က အနွေးခြုံစောင်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်တလင်းမြို့နယ်တွင်း ရဲစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ ရဲစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။