ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီအတွက် တော်လှန်ရေးသတင်းတွေစုဆောင်းပေးနေတဲ့ ပေါင်းတည်စုရွာ၊ ရာအိမ်မှူး ပျူခေါင်းဆောင် ဖိုးဖြူကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဧပြီလ ၈ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ အုတ်ဖိုမြို့အ​​ခြေစိုက် ခမရ(၆) ကနေ ပြန်လာတဲ့ ပျူစောထီးဖိုးဖြူကို ပေါင်းတည်စုရွာနား အရောက် မြေအောက်ပြောက်ကျားတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ခေါင်းကို ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

ဖိုးဖြူဟာ စစ်ကောင်စီတပ်နဲ့ ရဲတွေကို အိမ်ခေါ်ကျွေးမွေးရင်း လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီး​ပေးနေသလို တော်လှန်ရေးသတင်းတွေ စုံစမ်းတာနဲ့ အရပ်သားနေအိမ်တွေကို ခြိမ်းခြောက် မီးရှို့ခိုင်းနေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်တပ်သတင်းပေး ပျူစောထီးခေါင်းဆောင် ဖိုးဖြူထံမှ သိမ်းဆည်းရမိသော ပစ္စည်းများ

“ဖိုးဖြူက စစ်တပ်ရဲ့ အမာခံဒေါက်တိုင်ဗျ။ ကျနော်တို့ လှုပ်ရှားမှုသတင်းမှန်သမျှကို စစ်တပ်ကို သတင်းပေးနေတာ။ ပေါ်တာဆွဲတာ စစ်မှုထမ်းကြေးကောက်ခံတာ အကုန်လုပ်တယ်။ အဲ့ဒါတွေအပြင် ရွာထဲမှာ စစ်တပ် အထိုင်ချဖို့နဲ့ ပြည်သူတွေစစ်မှုထမ်းကြဖို့ သူကဖိအားပေးနေတာပါ။ သူ့ကိုရှင်းဖို့လုပ်နေတာလည်း ကြာပါပြီ။.အခုက တော်တော်လေးဆိုးလာတာရယ် ထားမရတော့တာရယ်ကြောင့် ရှင်းခဲ့ရတာပါ။” လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဖိုးဖြူကို ရှင်းလင်းအပြီး လက်ပစ်ဗုံး၁လုံးနဲ့အတူ စီးနင်းလာတဲ့ ဆိုင်ကယ် ၁စီး၊ ဖုန်း၂လုံးနဲ့ ငွေ ၆သောင်း၇ထောင်ကျပ်ကိုလည်း သိမ်းဆည်းရ​မိခဲ့တယ်လို့ သိရပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) အနေနဲ့ လက်ရှိမှာ စစ်ကောင်စီဒေါက်တိုင်တွေနဲ့ စစ်ကောင်စီတပ်ကို အရှိန်မြှင့်တိုက်ခိုက်နေတာကြောင့် စစ်အုပ်စုအနီးပတ်ဝန်းကျင်တွေမှာ သွားလာနေထိုင်တာတွေ မပြုလုပ်ကြဖို့ ကိုလည်း သတိပေးထားပါသေးတယ်။

 

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ဝ နှင့် စစ်ကောင်စီ ပူးပေါင်းထိန်းချုပ်ထားသည့် မိုင်းဆတ်မြို့နယ်မှာ မြေရှားသတ္တု တူးဖော်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းက ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းဆတ်မြို့အနီးမှာ မြေရှားသတ္တုတူးဖော်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်လှုပ်ရှားမှုများနှင့် ခလရတပ်တွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရွှေဘို ပကဖ လုပ်ဆောင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုစိုးမိုးထားရာ မြို့ပေါ်နေရာအနှံ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သလို ခလရ ၄၂ တပ်စခန်းကိုလည်း ဒရုန်းတွေနဲ့ သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နွားထိုးကြီးတွင် ရိက္ခာရှာထွက်သည့် စစ်သားများ ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ ညောင်ဦးတွင်လည်း တရားရုံးသွားမည့် ရဲတပ်ဖွဲ့ဝင်၂ ဦး လမ်းတွင် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ ညောင်ဦးမြို့နယ်တို့မှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ကျောတိုက်နယ်တွင် ပြည်သူ့စစ်ဖွဲ့ခံရမှုမှ တိမ်းရှောင်လာသည့် နှစ်ရှည်စစ်ရှောင်များ ကူညီထောက်ပံ့မှု လိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်သားသစ်ဖြည့်တင်းမှုနဲ့ ပြည်သူ့စစ်ဖွဲ့မှုတွေကနေ ထွက်ပြေးလာတဲ့ စစ်ရှောင် အရပ်သားတွေအတွက် အကူအညီ​ အထောက်အပံ့တွေလိုအပ်နေကြောင်း ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း (၇) တပ်ရင်းမှူးရဲ့ ရက်လည်ဆွမ်းသွပ်… (ဓာတ်ပုံသတင်း)

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း(၇) ရဲ့ တပ်ရင်းမှူး ကိုအောင်ဟိန်းဖြိုး (ခ) ရဲဘော်ဇိုးကြီးကို ရည်စူးပြီး သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူကာ ကုသိုလ်ပြုအမျှပေးဝေခဲ့တယ်လို့ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဆင်ပေါင်ဝဲတွင် အလောင်းသယ်သည့် စစ်ကားနှင့်ရှေ့ပြေးရဲကား မိုင်းခွဲခံရ၊ စစ်သားနှင့်ရဲ ၁၉ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ပဲခူးရိုးမပေါ် အလောင်းလာသယ်တဲ့ စစ်ကောင်စီကားအပါအဝင် ရှေ့ပြေး ရဲကားကို ဖြတ်တောက်တိုက်ခိုက်ရာ စစ်သားနဲ့ရဲ ၁၉ယောက်ထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။