အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း နောက်ဆုံးလက်ကျန် ဂျပန်လှိုဏ်ဂူစခန်းကနေ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ တပ်မမှူး အောင်သက်ဦးနဲ့အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကသာမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

တပ်မ ၇၇ ရှေ့တန်းဌာနချုပ်အခြေပြုပြီး တပ်မမှူးကိုယ်တိုင်ကွပ်ကဲတဲ့ အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်စဉ် စစ်ကောင်စီ တပ်မမှူးနဲ့အဖွဲ့ဟာ စခန်းစွန့်ခွာထွက်ပြေးခဲ့ရပြီး ကသာမြို့မှာ ဖမ်းဆီးရရှိမိခဲ့တာလို့ သိရပါတယ်။

“တပ်မ ၇၇ တပ်မမှူး မှူးချုပ် အောင်သက်ဦး(DSA ၄၂) နဲ့ အဖွဲ့ ကို ကသာ မြို့အဝင်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အင်းတော် ဂျပန်လိုဏ်ဂူစခန်းမှာ ရတတမခ ၇၇ ဟာ တပ်ရင်း ၄ ရင်း အင်အား ၆၈၀ ခန့် နဲ့ ခံစစ်ဆင်နေခဲ့တာ ဖြစ်ပါတယ် ။ အင်းတော် ကို ဗန်းမောက်ဘက်ကနေ နယ်မြေရှင်လင်းရေး လုပ်ဆောင်ရင်း ဝင်လာတာ တစ်နှစ်ကျော် နေပြီ ဖြစ်ပါတယ်။ ဆုတ်ခွာဖို့ ညှိနှိုင်းမှုယူပြီး ‌သုတ်ခြေတင်ခဲ့ပေမယ့် ကသာမြို့ ကနေ တင်ကြို စောင့်ဆိုင်းပြီး ပြန်လည် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ် “ လို့ CDM ဗိုလ်ကြီးဇင်ယော်က သူ့ရဲ့ လူမှုကွန်ယက်ကတဆင့် အသိပေးပြောကြားပါတယ်။

လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ကသာမြို့ အခြေအနေမှာလည်း နယ်မြေခံတပ်ရင်း ခမရ ၃၀၉ နဲ့ မြို့တွင်းက အမြောက်တပ်ခွဲတစ်ခွဲသာ ရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကသာမြို့နဲ့ ခမရ ၃၀၉ ကိုပါ တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ ထိန်းချုပ်ထားပြီလို့လည်း ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး (ဓာတ်ပုံ Gadu Tang)

ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီရဲ့ တပ်မမှူးနဲ့ တပ်ဖွဲ့ဝင်အရေအတွက်တွေကိုတော့ အတိအကျ မသိရှိရသေးပါဘူး။

လပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီက သာလွန်အင်အားနဲ့ ကြာမြင့်စွာခံစစ်နဲ့ ခုခံရင်း မြို့ကို ၈လနီးပါးအကြာမှာ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီက ငလျင်ကြောင့် အပစ်ရပ်ကြေညာထားတဲ့ကာလတွေမှာ စစ်ကောင်စီရဲ့ ခံစစ်ဖြစ်တဲ့ အင်းတော်က နာမည်ကြီး ဂျပန်လိုဏ်ဂူကုန်းအား ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ထိုးစစ်ဆင်လာတာကြောင့် ဧပြီ ၁ ရက်ကနေ ၃ ရက်ထိ တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်တပ်က လေကြောင်းနဲ့ပါ တောက်လျှောက် ပစ်ကူပေးခဲ့ရတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အစပ် စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ အင်းတော်မြို့နယ်တစ်ခုလုံးကို ပြီးခဲ့တဲ့ ဧပြီလ ၇ ရက် ည ၈ နာရီဝန်းကျင်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ချပ်သင်းအထိုင်စခန်းမှ ထွက်လာသည့် စစ်အုပ်စု စစ်ရှောင်လင်မယားကို သတ်ဖြတ်ကာ စစ်ရှောင်တဲ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းအထိုင်စခန်းက ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ဘေးရှောင်နေတဲ့ လင်မယား ၂ ယောက်ကို သတ်ဖြတ်ကာ စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ပါတယ်။
Read More

PDF နည်းဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃)နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ပြီလို့ ဒီနေ့ ဩဂုတ်လ ၂၇ရက်မှာ သက်ဆိုင်ရာ တပ်ဖွဲ့တွေက အသိပေး ထုတ်ပြန်ပါတယ်။
Read More

တည်ငြိမ်အေးချမ်းသော ဒေသများကို တိုင်းရင်းသားလက်နက်ကိုင်များ ဖျက်ဆီးတိုက်ခိုက်နေသည်ဟု ချင်းအမျိုးသားနေ့ အထိမ်းအမှတ် မင်းအောင်လှိုင် စွပ်စွဲ

တည်ငြိမ်အေးချမ်းနေတဲ့ ဒေသတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးနေတယ်လို့ လေကြောင်းတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်အနုပညာရှင် ၁၃ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မတရားစစ်အာဏာသိမ်းမှုကို ပြည်သူတွေနဲ့အတူ ဆန့်ကျင်နေတဲ့ အနုပညာရှင် ၁၃ ယောက်ကို စစ်ကောင်စီက နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်ကြောင်း စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်တွေမှာ ဖြန့်ဝေနေကြပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။
Read More

ဂန့်ဂေါခရိုင် “Yawland Operation” စစ်ဆင်ရေးအတွင်း ပျူစောထီးစခန်းနှစ်ခု သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စုဝင် ၄၂ ဦး သေဆုံး

“ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ မျက်မြင်ရုပ်အလောင်းက ၂၀ ဝန်းကျင်လောက် ကျွန်တော်တို့ တွေ့ခဲ့တာရှိတယ်။ ရန်သူဘက်က ဆက်သွယ်ရေးစက်ကနေတဆင့် သိရတာမျိုးလည်းရှိတယ်။ ပြီးတော့ ရန်သူဘက်က သတင်းရင်းမြစ်တွေကနေ သိရတာပါ” လို့ ဂန့်ဂေါခရိုင်စစ်ဌာနမှ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။