စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲက နမ်းခမ်းရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝန်းသို နမ်းခမ်းရွာဆေးရုံရှေ့၊ ကျောင်းဟောင်းနဲ့ ကျွန်းတောဝိုင်ဖိုင်ဆိုင်နေရာကို ဒီနေ့ ဧပြီလ ၉ရက် နေ့လယ် ၃ နာရီလောက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကာင်စီဟာ မိတ္ထီလာလေတပ်စခန်းက တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ အရပ်သားပြည်သူတွေရှိရာ နေရာတွေကို ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ သေဆုံးသူ (၃၀) နီးပါးရှိနေပြီး ဒဏ်ရာရသူတွေနဲ့ ထပ်မံသေဆုံးသူတွေကိုတော့ အတည်ပြုနေဆဲဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးတပ်တွေ အင်းတော်မြို့ကို သိမ်းပိုက်အပြီး စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်က မြို့နဲ့ ကျေးရွာအချို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလက KNPP ဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေး…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်နဲ့ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် NUG ကိုယ်စားလှယ်ရုံး လုပ်ဆောင်ပေးခဲ့

တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကိုယ်စားလှယ်ရုံးက ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြို့တော်ခန်းမရှေ့တွင် ICJ ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အကြမ်းဖက်စစ်တပ်ထောက်ခံသူများဂုဏ်ပြု

ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာတရားရုံး (ICJ ) ရောက်မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုပွဲနဲ့ ဂမ်ဘီယာနိုင်ငံရဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကို ကန့်ကွက်ရှုတ်ချတဲ့ အမျိုးသားရေး ဆန္ဒဖော်ထုတ်ပွဲဟု ဆိုကာ အကြမ်းဖက်စစ်တပ်ထောက်ခံသူများက မြို့တော်ခန်းမရှေ့မှာ စုရုံးဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။
Read More

PDF ရဲဘော်ကို ဖမ်းသွားတဲ့ စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်ကို ဖမ်းဆီးသွားတဲ့ အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။
Read More

အင်းတော်၊ ဂျပန်လှိုဏ်ဂူစခန်းမှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူးကို အရှင်ဖမ်းမိ

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း နောက်ဆုံးလက်ကျန် ဂျပန်လှိုဏ်ဂူစခန်းကနေ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ တပ်မမှူး အောင်သက်ဦးနဲ့အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကသာမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့..

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။