မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွေမှာ ယာယီအပစ်ရပ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အပစ်အခတ် ရပ်စဲကြောင်း ကြေညာပြီးနောက် အရပ်သားတွေအပေါ် ပစ်မှတ်ထားပြီး စဉ့်ကူးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ် ၊ မတ္တရာမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု (၁)ကြိမ် ၊ သပိတ်ကျင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု (၅)ကြိမ်၊ မိုးကုတ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု (၁)ကြိမ် နဲ့ နောင်ချိုမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု(၁)ကြိမ် ပြုလုပ်ခဲ့တာကို သက်သေအထောက်အထားတွေနဲ့ တွေ့ရှိရတယ်လို့ MDY-PDF က ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီဟာ မြေပြင်စစ်ကြောင်းထိုးမှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကိုလည်း လုံးဝ မရပ်နားဘဲ ဆက်လက်လုပ်ဆောင်နေတာကိုသာ တွေ့ရှိရတယ်လို့ MDY-PDF က ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ဟာ ငလျင်ဘေးကို အကြောင်းပြုကာ ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအကြား နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ လုပ်ကြံလီဆယ်မှုတစ်ခုသာဖြစ်တယ်လို့ MDY-PDF က သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူတွင် ရော့ကတ်ပစ်ခံရကာ အထိနာပြီးနောက် စစ်ရှောင်တဲများကို စစ်တပ် မီးရှို့ကာ လက်နက်ကြီးများ ရမ်းပစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်က စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးကာ ကျေးရွာတွေကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ထံက သိရပါတယ်။
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၏ အခြေခံစစ်ပညာသင်တန်း အပါတ်စဥ်(၄) ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် သင်တန်းဆင်းပွဲ အခမ်းအနား

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း၊ အပါတ်စဥ်(၄)  ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၅ ရက် မနေ့က အညာဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး(၁) ဦးအပါ (၆) ဦး သေဆုံး၊ ငါးဦး အရှင်ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမောက်တွင် မြေပြင်ဝေဟင် ထိုးစစ်ဆင်လာသည့် စစ်တပ်နှင့် SNA အား တော်လှန်ရေးတပ်များ ခုခံတိုက်ခိုက်၊ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများ ရှိပြီး အသေခံဒရုန်း ၃ စင်းကို တော်လှန်ရေးတပ်များ ရရှိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ စစ်တပ်လက်ဝေခံ SNA တပ်တွေက လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ရင်း တော်လှန်ရေးတပ်တွေရှိရာနေရာအထိ တိုးကပ်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းမူမှာ စစ်ကောင်စီစခန်းကို တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့ ပေါင်းပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့ ဂွေးပင်တောရွာစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Myaung Drone Force အဖွဲ့က ​ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီး စစ်အုပ်စု ၅ ဦး သေ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင်က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သား၊ ရဲနဲ့ ပျုစောထီး ၅ ယောက် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။