ငလျင်ဒဏ်သင့်ဒေသတွေမှာ အကူအညီပေးဖို့ ဆေးဝါးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ဂျပန် စစ်လေယာဉ်ဟာ ဒီနေ့ ဧပြီလ ၉ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။

ငလျင်ဘေးသင့် ပြည်သူတွေကို အဓိကကူညီဖို့ ၀န်ထမ်း အယောက် ၂၀ နဲ့ ဆေးဘက်ဆိုင်ရာ ကုန်ပစ္စည်း ၂ ဒသမ ၅ တန်ပါတဲ့ C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ SDF (Self-Defense Force) အခြေစိုက်စခန်းကနေ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

C-130 ပို့ဆောင်ရေးလေယာဉ်မှာ ဂျပန်နိုင်ငံ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ (JDR) နဲ့အတူ လိုအပ်တဲ့ ဆေးဝါးတွေ၊ ရောဂါရှာဖွေရေး စမ်းသပ်ကိရိယာတွေ အပါအဝင် ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ အဓိက ပါဝင်လာတယ်လို့ သိရပါတယ်။

ဂျပန်အစိုးရဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် မြန်မာ့ငလျင်ဘေးအတွက်  အရေးပေါ်ထောက်ပံ့ငွေ ဒေါ်လာ (၆) သန်း ပေးအပ်မှာဖြစ်ကြောင်း တရားဝင် ကြေညာထားပါတယ်။

ပြီးခဲ့တဲ့  ဧပြီလ ၂ ရက်နေ့ကလည်း ဂျပန်အစိုးရက ဆရာဝန်တွေ အပါအဝင် အဖွဲ့ဝင် ၃၂ ယောက်ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ကို မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် စေလွှတ်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ထိုင်းဘက်မှ စတင်ခြင်းမဟုတ် ဟု ထိုင်းသံရုံးထုတ်ပြန်

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာနဲ့ ပစ်ခတ်မှုတွေမှာ ထိုင်းနိုင်ငံဘက်က စတင်ခြင်းမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘယ်လာရုစ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် စစ်လက်နက်ပစ္စည်း ထောက်ပံ့ရေးလုပ်ငန်း တိုးချဲ့နိုင်ဟု JFM ထုတ်ပြန်

မြန်မာနိုင်ငံကိုလာမယ့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုရဲ့ ခရီးစဉ်မှာ စစ်လက်နက်ပစ္စည်းထောက်ပံ့တာသာမက စစ်ဘက်ဆိုင်ရာပညာနဲ့ လေ့ကျင့်သင်ကြားရေးအတွက်ပါ နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့လာနိုင်တယ်လို့ Justice For Myanmar က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ဆိုးလ်မြို့လယ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မြန်မာ့လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆန္ဒပြချီတက်ပွဲကို ဇွန်လ ၁၅ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသား ၃,၅၀၀ ဦးကို အဓမ္မပြန်ပို့မှုက လူကုန်ကူးမှုကျူးလွန်ခြင်းဟု Fortify Rights ထုတ်ပြန်

ထိုင်းအာဏာပိုင်တွေက အကြမ်းဖက် မြန်မာစစ်အုပ်စုအရာရှိတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို အဓမ္မပြန်ပို့မှုဟာ လူကုန်ကူးမှုကျူးလွန်ခြင်းဖြစ်တယ်လို့ Fortify Rights အဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။ အစီရင်ခံစာအရ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ထိုင်းအရာရှိနဲ့ အကြမ်းဖက်စစ်အုပ်စုအရာရှိတွေ ပူးပေါင်းပြီး ရနောင်း - ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသား ၃,၅၀၀ ဦးကို အတင်းအဓမ္မပြန်ပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

မြန်မာပြည်သူများ တရားမျှတမှုရရှိရေး ပြောကြားပေးခဲ့သည့် ပုပ်ရဟန်းမင်းကြီးအား အစဉ်ထာဝရ အမှတ်ရနေမည်ဟု IEC ထုတ်ပြန်

မြန်မာပြည်အတွက် တရားမျှတရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို အစဉ်အမှတ်ရနေမှာဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
Read More

ကော့မြစ်ရေ ညစ်ညမ်းမှုကိစ္စ ဆွေးနွေးဖို့ ထိုင်းဒုဝန်ကြီးချုပ် မြန်မာပြည်သွားရန်စီစဉ်၊ တရုတ်နှင့် အနီးကပ်ဆက်ဆံရေးကို အသုံးချဖို့ ထိုင်းအမတ်အဆိုပြု

ကော့မြစ်အတွင်း အာဆင်းနစ်နဲ့ သတ္တုပျော်ဝင်မှုကြောင့် မြစ်ရေညစ်ညမ်းရတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံမယ့်အကြောင်း ထိုင်းဒုဝန်ကြီးချုပ် Prasert Jantararauangtong က ပြောပါတယ်။