စစ်ကိုင်းတိုင်း အင်းတော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၇ ရက် ညပိုင်းမှာ အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အင်းတော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ သြဂုတ် ၁၆ ရက်က စတင်ပြီး မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲခဲ့ရာ သြဂုတ် ၂၄ ရက်မှာ အင်းတော်မြို့ရဲစခန်း၊ ထွေအုပ်ရုံး၊ နဘားလမ်းဆုံနဲ့ နဘားရွာ ဘုန်းကြီးကျောင်းရှိ စစ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စခန်းတွေက ဆုတ်ခွာသွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ ဂျပန်လှိုဏ်ဂူနဲ့ ဘုရားကုန်းမှာ ခံစစ်ပြင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်ခဲ့တဲ့ကြားက ၂၀၂၅ ဧပြီ ၇ ရက် ညပိုင်းမှာ KIA နဲ့ ပူးပေါင်းတပ်တွေက အင်းတော်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ် တယ်လို့ သိရပါတယ်။

Video-Phyo Linko

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်း အမှတ် (၂၉) ဗျူဟာ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီး (ရုပ်/သံ)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဧရာဝတီတိုင်းစစ်ဌာန အမှတ် (၂၉)ဗျူဟာ (AYA PDF) အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ AYA PDF အမှတ်၂၉ ဗျူဟာမှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့ နောင်ပိန်ရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားသေး ၁ စီးနှင့် ၆ ဘီးကား ၁ စီး ရေထဲမျောပါပြီး လူ ၂ ဦး ပျောက်ဆုံးနေ (ရုပ်သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နောင်ပိန်ရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟွန်ဒါဖစ်ကား ၁ စီးနဲ့ ၆ ဘီးကား ၁ စီး ရေထဲမျောပါသွားကာ လူ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် စစ်ကြောင်းထိုးရန် ရောက်ရှိနေသည့် စစ်ကော်မရှင်တပ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာတောင်ဘက် စစ်ကော်မရှင်ဂိတ်မှာ စစ်ကြောင်းထိုးဖို့ ရောက်ရှိနေတဲ့ စစ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မင်းဘူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ်သားများ မိုင်းထိပြီး ၃ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် သားတွေ မိုင်းထိပြီး ၃ ယောက်သေခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း ၅ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးကားလမ်းပေါ် မိုင်းရှင်းလင်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ‌ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မုံရွာ-မန္တလေးကားလမ်းမပေါ် ကန်ဖျားဇရပ်အနီး မိုင်းရှင်းလင်း ရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရဦ စစ်သား ၁ ယောက်သေဆုံးသွားတယ်လို့ Moe Nyo Revolution Force အဖွဲ့ထံက သိရ ပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း ဆိုင်ကယ်နှင့် ကင်းပတ်သည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ဆိုင်ကယ်နဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။