ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ချင်းညီနောင် ပူးပေါင်းတပ်တွေဟာ ဖလမ်းမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ခုခံစစ် ပြင်ထားတဲ့ နောက်ဆုံးလက်ကျန် ခလရ ၂၆၈ ကို ၂၀၂၅ ခုနှစ် ဧပြီ ၇ ရက်မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကာ ဖလမ်းမြို့ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကုန်းလည်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အများအပြား သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကုန်းလည်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေတဲ့ စစ် ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရှင်းထုတ်ခဲ့ရာ စစ်ကောင်စီတပ်သား အများ အပြားသေဆုံးခဲ့တယ်လို့ 11 Brother Revolution Force က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်း ၃ ထံ စစ်ကောင်စီရဲ့ အတင်းအဓမ္မတပ်သားသစ် စုဆောင်းခံရသူ ၁၄ ယောက် ဘက်ပြောင်းလာ (ရုပ်/သံ)

KNDF တပ်ရင်း ၃ ထံ ဖေဖော်ဝါရီလ ၁ လအတွင်း စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မတပ်သားသစ်စုဆောင်းပြီး ရှေ့တန်းပို့ခံရသူ ၁၄ ယောက် ဘက်ပြောင်းခိုလှုံရောက်ရှိလာတယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်‌ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက် သေကာ ၈ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA၊  ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)၊ ကျေးနယ်ကာကွယ်ရေးတပ်ဖွဲ့၊ တော်လှန်ရေးအင်အားစုတွေကြား နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက တိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်‌ရေး (၁) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းထံက သိရပါတယ်။
Read More

ထားဝယ်တွင် တိုက်ပွဲဖြစ်ကာ စစ်ကားတစ်စီး ပျက်စီးပြီး စစ်သား ၂၀ ဦးထက်မနည်း သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၁၂ နာရီကြာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ KIAနဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဂျပန်လှိုဏ်ဂူမြင်ကွင်း(ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အခိုင်အမာတပ်စွဲထားတဲ့ ဂျပန်လှိုဏ်ဂူကို ယခုလိုပဲ မြင်တွေ့ရပါတယ်။ အင်းတော်မြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီ ၇ ရက် မနေ့ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။
Read More

လွိုင်ကော်မြို့ ကုန်းပေါင်းရွာကို ဝင်လာသည့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား သေဆုံး (ရုပ်/သံ)

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ကုန်းပေါင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က သတင်းထုတ်ပြန်ထားပါတယ်။