မန္တလေးတိုင်း ညောင်ဦးခရိုင် ငသရောက်မြို့ ရဲစခန်းမှ ထွက်လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိအကြမ်းဖက်စစ်သားနဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ManBaKhaing People Defence Force ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေနဲ့အတူ ရောသွားခဲ့တဲ့အတွက် တော် လှန်ရေးတပ်တွေဟာ ပြည်သူများ ထိခိုက်မှာ စိုးရိမ်တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Man Ba Khaing People Defence Force နဲ့ ပုဂံညောင်ဦးအခြေစိုက်
ဂဠုန်ပြောက်ကျားတပ်ဖွဲ့(Garuda Secret Force)၊နပတ(၇၀၄) နဲ့ local တပ်ပေါင်းစု တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ် အထိနာကာ ကျေးရွာများကို ဝင်ရောက်မီးရှို့ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်က မဲဇလီရဲစခန်းနဲ့ မင်းဘူးမြို့နယ်က လက်ပတောစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

ထားဝယ်မှ သရက်ချောင်းသို့ အကြမ်းဖက်စစ်သားများ စီးနင်းလာသည့်စက်လှေ RPG ထိမှန်မီးလောင် ပြီး ၂၀ ကျော် သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ဆိပ်ကမ်းဘက် စုန်ဆင်းကာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ စက်လှေ ၁ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက် ခိုက်ချေမှုန်းခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖထံက သိရပါတယ်။ 
Read More

မန္တလေး-မြင်းခြံလမ်းပိုင်းက စစ်ကောင်စီတပ်ရဲ့ ကုက္ကဲစခန်းကို ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မန္တလေး-မြင်းခြံလမ်းပိုင်းမှာ ပြည်သူတွေပေါ် မတရားအခွန်ကောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ကုက္ကဲစခန်းကို အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက ၄၀ မမ ဗုံးပစ်လောင်ချာ နဲ့ ဗုံးသီး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၇ ဦး ပွဲချင်းပြီးသေ (ရုပ်/သံ) 

တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၈၀ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၇ယောက် သေဆုံးခဲ့တယ်လို့  Monywa Inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံ-တောင်သာလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ သေကာ လက်နက်တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံ-တောင်သာလမ်းပေါ်မှာ အင်အား ၁၀၀ ခန့်ရှိ ခမရ ၁၅၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ စီးနင်းလာတဲ့ ယာဉ်တန်းကို ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ အယောက် ၂၀ ခန့်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတွေ ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို နိုဝင်ဘာ ၂၁ ရက် မနေ့က နေ့လည်ပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေသွားတယ်လို့ ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ထံက သိရပါတယ်။