မန္တလေးမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားဖြင့် ငလျင်ကြောင့် ကယ်ဆယ်ရေး၊ ရှင်းလင်းရေးတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတလူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဧပြီလ ၇ ရက် မနေ့က မန္တလေး၊ လမ်း ၆၀၊ ၃၀ မှာ ငလျင်ကြောင့် ပြိုကျသွားတဲ့ တိုက်ကို ကူညီဖြိုပေးနေတဲ့ ပရဟိတလူငယ် ၂၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးရတဲ့ အကြောင်းပြချက်ကတော့ ပရဟိတလူငယ်တွေဟာ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကနေ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ဖို့ ခွင့်ပြုချက် မတောင်းခံခဲ့တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အိမ်ပိုင်ရှင်အမက ကလေးမွေးထားတာ သွေးနုသားနု၊ သူ့ယောက်ျားကလည်း ငလျင်မှာ သေသွားတော့ အိမ်ဖြိုဖို့ကို ကူဖို့ လိုင်းပေါ်ကနေ အကူအညီတောင်းတာ။ အဲ့မှာ ကောင်လေး၊ ကောင်မလေး အယောက် ၂၀ နီးပါးလောက်ပေါ့နော် Volunteer သွားကူကြတာ။ အိမ်ဖြိုတဲ့အချိန်မှာ အဲ့အမက ဆေးရုံရောက်နေတာ အိမ်မှာ မရှိနေဘူး။ ဒါပေမယ့် သူ့မောင်လေးကတော့ ရှိနေတာပေါ့နော်။ အဲ့အချိန်မှာ နေ့ခင်းမှာ စစ်ကားတွေနဲ့ ရဲတွေရော ဝင်ပြီး ကောက်သွားတာပဲ။ အိမ်ပိုင်ရှင် ကောင်လေးကလည်း ဒါကျနော့်အိမ်ပါလို့ ပြောတာကိုလည်း မရဘူးတဲ့။ မင်းတို့က ထွေအုပ်ရုံးကို ဆက်သွယ်တာ မဟုတ်တဲ့အတွက် ဆိုပြီး ဖမ်းခေါ်သွားတာပဲ” လို့ ဖြစ်စဉ်ကို အစအဆုံး သိနေတဲ့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါလူငယ်တွေဟာ လမ်း ၃၀-၃၁/ ၆၆ မှာရှိတဲ့ ရဲရုံးမှာ ဖမ်းခေါ်ခံထားရပြီး အိမ်ပိုင်ရှင်အမက ရဲရုံးကို လိုက်သွားရာမှာလည်း သိန်း ၅၀၀ ပေးမှ ပြန်လွတ်ပေးမယ်ဆိုပြီး အကြောင်းပြန်လာတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ ပရဟိအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ယောက်ကလည်း “ကျနော်တို့ကတော့ လုပ်စရာရှိတာတော့ လုပ်ရမှာပဲ။ ကူညီပေးနေတာတောင် ဘာလာလာဆိုတဲ့ အနေအထားမျိုးနဲ့ အခက်အခဲတွေကို မျက်နှာမူပြီး လုပ်နေရတဲ့ အခြေအနေတွေတော့ ဖြစ်နေပါတယ်။ အခု မန်းလေးမှာက ပြန်လည်ထူထောင်ရေးပိုင်းကို ရောက်နေပြီဆိုတော့ ပိုပြီးတော့ သူတို့ (စစ်ကောင်စီ) ကလည်း သူတို့နာမည်ဝင်ယူတဲ့ အပိုင်းတွေ ရောက်လာပြီ ဝင်ထိုင်နေပြီလေ။ အဲ့လိုတွေ ဖြစ်နေတာပါ။ ကျနော်တို့ကတော့ ပရဟိတ လုပ်တာတောင် လုပ်ရကိုင်ရခက်နေပါတယ်” လို့ အခြေအနေတွေကို ရှင်းပြပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့မှာ ငလျင်ဘေး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အနေနဲ့ ဘယ်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာ ရပ်တည်ပြီး ဆောင်ရွက်ခွင့်မရှိကြောင်း၊ ကြိုတင်ခွင့်ပြုချက် တောင်းခံဖို့ လိုအပ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အတူတကွ ပူး ပေါင်း ဆောင်ရွက်မှသာ ခွင့်ပြုပေးသွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။
0 Shares:
You May Also Like
Read More

ထိုင်းကနေ မြန်မာပြည်ဆီ နေရပ်ပြန်ပို့ခံရတဲ့ ၁၂၇ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီကနေ စောင့်ခေါ်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေ

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရနောင်းမြို့၊ အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ နေရပ်ပြန်ပို့ခံခဲ့ရတဲ့ မြန်မာ ၁၂၇ ယောက်က်ု ကော့သောင်းမြို့ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

ဘုတလင်ရှိ စစ်ရှောင်ရွာ (၄) ရွာက ပြည်သူတွေကို ရွေ့လျားဆေးပေးခန်း (mobile clinic) နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ရှောင်ရွာ (၄)ရွာက ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic)ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါ်တာဆွဲခံထားရသူနဲ့ စစ်မှုထမ်းမဲပေါက်တဲ့ စစ်ကောင်စီတပ်သားတွေ မြိတ် ပကဖထံ အလင်းဝင် ခိုလှုံလာ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အခြေစိုက်တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ယောက်ဟာ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ မြိတ်ထံ အလင်းဝင် ခိုလှုံလာကြောင်း သိရပါတယ်။
Read More

ABSDF အမှတ် ၃ စစ်ကြောင်းနှင့် ရေစကြို ပ.က.ဖ တို့ ပူးပေါင်းပြုလုပ်သည့် အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းနဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်တဲ့ ၁/၂၀၂၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

ရဲဘော် ရာဇာနှင့် ရဲဘော် သီဟလေး သင်သွားလိုရာကို လွတ်လပ်စွာ သွားနိုင်ပါပြီ

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ရဲဘော် ရာဇာနဲ့ ရဲဘော် သီဟလေးတို့ဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရှေ့ဆင့်နောက်ဆင့်ပဲ ရဲဝင့်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပြီး စစ်တပ်လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း ပုလဲမြို့ထဲက အကြမ်းဖက် ရဲစခန်း၊ ထွေအုပ်ရုံး၊ စာသင်ကျောင်းတွေနဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီး ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။