ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ မန္တလေးဒေသခံ ရဲဘော် မောင်ဘုန်းပြည့် ကျော်ရဲ့စျာပနကို ကျင်းပပြုလုပ်ခဲ့တယ်လို့ PDF-Zoland ထံက သိရပါတယ်။

ရဲဘော် မောင်ဘုန်းပြည့်ကျော် (ခ) ဆလိုင်း-ဖိုးရှမ်းဟာ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ မီဇိုရမ်ပြည်နယ် အိုင်းဇော်မြို့မှာ ၉ လကြာ ဆေးကုသမှုခံယူပြီးနောက် ဧပြီ ၃ ရက် မနက်ပိုင်းမှာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မောင်ဘုန်းပြည့်ကျော်ဟာ မန္တလေးမြို့ ဒေသခံ ၁ ယောက်ဖြစ်ပြီး CDF-Matupi တပ်ရင်း (၁)မှာ ၂၀၂၁ ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

SSNDF/KNDF ဗျူဟာအမှတ် – ၉ တွေ့ဆုံဂုဏ်ပြုပွဲ အခမ်းအနားနေ့တွင် ရဲဘော်များ သေနတ်အဖြုတ်အတပ် ပြိုင်ပွဲပြုလုပ် (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် - ၉ တွေ့ဆုံဂုဏ်ပြုပွဲအခမ်းအနားနေ့မှာ တပ်ရင်း B-101 ၊ B-102 ၊ B-103 တို့က ရဲဘော်တွေ ပါဝင်ယှဉ်ပြိုင်တဲ့ သေနတ်အဖြုတ်အတပ်ပြိုင်ပွဲ ပြုလုပ်ခဲ့တယ်လို့ SSNDF/KNDF B-101 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းမကြီးအတိုင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ၊ ဒရုန်းဗုံးသီးချကာ RPG ဖြင့် ထု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးအတိုင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ထံက သိရပါတယ်။
Read More

ယနေ့ အသံတိတ်သပိတ်တွင် တနိုင်ငံလုံး ပူးပေါင်းပါဝင်ကြရန် သပိတ်အင်အားစုများ တိုက်တွန်း (ရုပ်/သံ)

ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်မယ့် အပြင်မထွက် အသံတိတ် သပိတ်မှာ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ သပိတ်အင်အားစုတွေက အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ အသံတိတ်သပိတ်ကို ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြပြီး "တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံးသော ဟစ်ကြွေးသံ" ဖြစ်တယ်လို့ သပိတ်အင်အားစုတွေက ဆိုထားပါတယ်။
Read More

KTV ကို လာတဲ့ ကပစ ၂၄ မှ ဗိုလ်မှူးသော်ဇင်ဦးနှင့် စကစထောက်တိုင် KTV ပိုင်ရှင်တို့ တိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧပြီလ ၁၀ ရက် ည ၉ နာရီခန့်က KTV ကို လာတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) က ဗိုလ်မှူး သော်ဇင်ဦးနဲ့ စကစထောက်တိုင် အိမ်ဖြူတော် KTV ပိုင်ရှင် ကိုမြင့်ဦးတို့ ပခုက္ကူမြို့ စက်မှုန်ဇုံ ရထားဘူတာနဲ့ အိမ်ဖြူတော် KTV အနီး တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားတယ်လို့ Earthquake People’s Defence Force ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့ဘက် လက်နက်ကြီး ပစ်ခတ်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု၊ ဗျူဟာမှူးအပါ စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှုအတွင်း ဗျူဟာမှူးအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Special Guerrilla Force - အထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Pakokku People Defense Force မှ ထုတ်ပြန်သည့် စက်တပ်လေထီး သိမ်းဆည်းရရှိမှု ရုပ်သံဖိုင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးလာကြဲတဲ့ စက်တပ်လေထီးယာဉ် ၁ စီးကို သိမ်းဆည်းရရှိခဲ့တဲ့ ရုပ်သံဖိုင်ကို Pakokku People Defense Force က ထုတ်ပြန်လိုက်ပါတယ်။