ဆေးဝါးပစ္စည်းတွေ အစုံအလင်ပါဝင်မယ့် ဂျပန်စစ်တပ်ရဲ့ C-130 ကူညီကယ်ဆယ်ရေး လေယာဉ်ဟာ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။
ငလျင်ဘေးသင့် ပြည်သူတွေကို အဓိကကူညီဖို့ ၀န်ထမ်း အယောက် ၂၀ နဲ့ ဆေးဘက်ဆိုင်ရာ ကုန်ပစ္စည်း ၂ ဒသမ ၅ တန်ပါတဲ့ C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ SDF ( Self-Defense Force)အခြေစိုက်စခန်းကနေ မြန်မာနိုင်ငံကို ထွက်ခွာလာမှာ ဖြစ်ပါတယ်။
လေယာဉ်ပျံသန်းခွင့်အတွက် အာဏာသိမ်း စစ်အစိုးရထံက ခွင့်ပြုချက်ရထားပြီလို့လည်း သိရပါတယ်။
အဲဒီလေယာဉ်ဟာ အစောဆုံးအနေနဲ့ ဒီနေ့ ဧပြီ ၈ ရက်မှာ Komaki လေတပ်စခန်းကနေ မြန်မာနိုင်ငံကို ထွက်ခွာဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဧပြီ ၇ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဂျပန်အစိုးရဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ်ထောက်ပံ့ငွေ ဒေါ်လာ (၆) သန်း ထောက်ပံ့မှာဖြစ်ကြောင်း တရားဝင် ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကလည်း ဂျပန်အစိုးရဟာ ဆရာဝန်တွေ အပါအဝင် အဖွဲ့ဝင် ၃၂ ယောက်ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ကို မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် စေလွှတ်ခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီအတွက် လေယာဥ်ဆီနဲ့ စက်ကိရိယာတွေ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၆ ခုကို UK အစိုးရ ပိတ်ဆို့အရေးယူမယ်

အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဥ်လောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ၆ခုကို UK အစိုးရက ပိတ်ဆို့အရေးယူသွားဖို့ရှိတယ်လို့ ဗြိတိသျှသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲအတုကို လက်မခံဖို့ အပါအဝင် အချက် ၅ချက်ကို ကိုရီးယားလွှတ်တော်တွင် NUG တောင်းဆို

မြန်မာပြည်သူတွေဟာ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ထားကြပြီးဖြစ်တာကြောင့် အဆိုပါ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အပါအဝင် အချက် ၅ ချက်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကိုရီးယားလွှတ်တော်မှာ မနေ့က ‌တောင်းဆိုလိုက်ပါတယ်။
Read More

အာဆီယံအဖွဲ့ မြန်မာရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူ မလွှတ်၊ နိုင်ငံတကာကလည်း အယုံအကြည် မရှိ

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဟာ ဒီဇင်ဘာလမှာ ပြုလုပ်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သံတမန်ရေးသတင်းအရင်းအမြစ်တွေက အောက်တိုဘာ ၂၇ ရက် တနင်္လာနေ့မှာ ပြောခဲ့ကြတယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်မြို့က ဂီတဖျော်ဖြေပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရ…

ထိုင်းနိုင်ငံနယ်စပ်က မြန်မာနဲ့ ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ အုန်းဖျံမြို့မှာ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းက ဂီတပွဲတော် လုပ်နေချိန် ဗုံးပေါက်ကွဲပြီး ပွဲလာရောက်ကြည့်ရှုသူ ၃ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
Read More

အာဏာသိမ်းစစ်တပ်လက်ထဲက နိုင်ငံတကာက ပေးအပ်တဲ့ ငလျင်အလှူငွေတွေကို စောင့်ကြည့်ဖို့လိုအပ်ဟု သတိပေး

အာဏာသိမ်းစစ်တပ်လက်ထဲမှာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နိုင်ငံတကာကလှူဒါန်းထားတဲ့ စီးဆင်းငွေ အမေရိကန်ဒေါ်လာ ၁၃၆ သန်းအထိ ရရှိထားတာကြောင့် ပြည်သူတွေထံ ရောက်ရှိဖို့ စောင့်ကြည့်ရမယ်လို့ Burma News International နဲ့ Myanmar Peace Monitor တို့က ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။