၂၀၂၅ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကို မန္တလေးငလျင်ကြီးလို့ အမည်သတ်မှတ်ပြီး သတင်းရေးသားရာမှာ သုံးစွဲကြဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပါတယ်။
အင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဟာ စစ်ကိုင်းမြို့ရဲ့ အနောက်မြောက်ဘက် ၁၂ ကီလိုမီတာအကွာ၊ မြေအောက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ကမ္ဘာငလျင်ပညာရှင်တွေနဲ့ မြန်မာငလျင်ပညာရှင်တွေက ဆိုပေမယ့် စစ်ကောင်စီက မန္တလေးငလျင်ကြီးလို့ ခေါ်ဝေါ်ကြဖို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ လူထိခိုက်သေဆုံးမှုနဲ့ အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးခဲ့ရပါတယ်။
0 Shares:
You May Also Like
Read More

ဇရပ်ကြီးမြို့အနီး ဒိုးတန်းကျေးရွာက အရပ်သားနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးက ဒိုးတန်းကျေးရွာ အရပ်သားပြည်သူနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖထံက သိရပါတယ်။
Read More

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်အုပ်စု ၉ ဦး သေ (ရုပ်/သံ)

မေလ ၇ ရက် မနက်ပိုင်းက ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှု စစ်သားအများအပြားသေပြီး ပြည်သူ ၇ ယောက် ကယ်ဆယ်နိုင်ခဲ့ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်အတွင်း ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး ပြည်သူ ၇ ယောက်ကို ကယ်နိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။
Read More

ရေတိုက်စားမှုကြောင့် မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းပေါ်ရှိ တံတားပျက်စီး (ရုပ်/သံ)

မိထ္ထီလာ - ကျောက်ပန်းတောင်း လမ်းပေါ်ရှိ တံတား ၁ စင်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားပြီး လမ်းပိတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ငလျင်ဒဏ်သင့်ဒေသများသို့ ထောက်ပံ့နိုင်ရန် အထူးဒေသ ၄ အစိုးရ အလှူငွေများ ကောက်ခံ (ရုပ်/သံ)

ငလျင်ဒဏ်ခံစားနေရတဲ့ ပြည်သူလူထုကို ထောက်ပံ့နိုင်ဖို့ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသအစိုးရနဲ့ ပြည်သူလူထုက အလှူငွေတွေထည့်ဝင်ပြီး လိုအပ်နေတဲ့ နေရာတွေကို ပို့ဆောင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ ၄ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ၊ စစ်ကောင်စီက မုန်းတီးလေဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ပြောကြား (ရုပ်/သံ)

ဇွန်လ ၁၉ ရက် မနက်ဖြန်မှာ ကျရောက်မယ့် ဒေါ်‌အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ဆုတောင်းမှာ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ၊ စစ်ကောင်စီက မုန်းတီးလေဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။