စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှု ၈ လနီးပါး ကြာမြင့်ပြီးနောက် ဧပြီလ ၇ ရက် မနေ့ က ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
အင်းတော်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၈ လနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မနေ့က ညပိုင်းမှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့ပေမယ့် အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ကျောင်းသားတပ်မတော် (ABSDF)၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ KPDF တပ်ဖွဲ့တွေနဲ့ အမှတ် (၁) စစ်ဒေသလက်အောက်ခံ PDF တပ်ရင်းတွေက ပါဝင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Kachin Waves
0 Shares:
You May Also Like
Read More

ဖမ်းဆီးရမိထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်သားများကို တရားစီရင်နိုင်ရန် စတင်စစ်ဆေးနေပြီဟု NUG အသိပေး

အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ဖမ်းဆီးရမိတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ တပ်သားတွေကို လုပ်ထုံးလုပ်နည်တွေနဲ့အညီ စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်တွေအပေါ် အခြေခံကာ တရားစီရင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Read More

ပဲခူးခရိုင်အမှတ် (၂) တပ်ရင်း စိုးမိုးနယ်မြေမှာ ဗိုလ်ချုပ် နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မှိုကောက်ရင်း မိုင်းနင်းမိသည့် နမ့်ခမ်းမှ အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ ဒေသခံ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံရဲ့ ပြောကြားချက်ကို ကိုးကားပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်းက မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ငါန်းမြာနှင့် သရက်ချိုပင်လမ်းပိုင်းတွင် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရမှု ထပ်တိုးသိရှိချက်အရ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၄ ယောက်အထိ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ မန္တလေးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်….

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) ထဲကို အကြမ်းဖက် စစ်တပ်က လေကြောင်းနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်၏ ၆၆၆ ပွိုင့်စခန်းကုန်းတစ်ခုလုံးကို AA သိမ်းပိုက်၊ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်ရရှိရန် နေရာတချို့ ကျန်နေသေး၊ ဆက်လက်တိုက်ခိုက်နေဟု ဆို

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက်၊ ၉ ကီလိုမီတာအကွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ၆၆၆ ပွိုင့်စခန်းကုန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်ဖို့ လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော် (AA) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။