၁၀၂၇ စစ်ဆင်ရေးကာလထဲမှာ တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို ငွေကျပ် သိန်း ၅၀ စီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
MNDAA ရဲ့ အထူးဒေသ(၁) လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီက ထောက်ပံ့ငွေကျပ် သိန်း‌ပေါင်းတစ်သောင်းကျော်ကို ပျက်စီးခဲ့တဲ့ နေအိမ်တွေအတွက် ပေးအပ် ထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကာလမှာ ပျက်စီးသွားတဲ့နေအိမ်ပေါင်း (၃၀၉)ခုအတွက် သိန်းပေါင်း(၁,၅၄၅,၀၀၀,၀၀၀)ကျပ် ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်‌ထူထောင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
နေအိမ်ပျက်စီးမှုတွေ များပြားခဲ့ပေမယ့် အလုံးစုံပျက်စီးခဲ့တဲ့ နေအိမ်တွေကို ပြန်လည်ရွေးချယ်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ လားရှိုးမြို့ကို ဧပြီ လ ၂၁ ရက်နေ့နောက်ဆုံးထားပြီး MNDAA တပ်ဖွဲ့တွေ ထွက်ခွာတော့မယ်လို့လည်း သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီက အဖြေမဟုတ်ဘူးဆိုတာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ သဘောပေါက်ဖို့ လိုကြောင်း NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ အင်အားကြီးထွားလာနေတဲ့ ကျားဖြန့်လိုမျိုး လူလိမ်ဂိုဏ်း ကိစ္စတွေဟာ နိုင်ငံတွင်းသာ မဟုတ်ဘဲ ဒေသတွင်း ကိစ္စဖြစ်တာကြောင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီဟာ အဖြေမဟုတ်ဘူးဆိုတာကို သဘောပေါက်ဖို့ လိုတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။ 
Read More

အသက် ၆၀ ကျော် အရွယ်ကို စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

မိုးကုတ်တွင် အကြမ်းဖက်စစ်တပ် ပြန်ဝင်လာမည်ကို မလိုလားသည့် ပြည်သူများ သံပုံးတီး ဆန္ဒပြ

အကြမ်းဖက်စစ်တပ် ရောက်လာမှာကို မလိုလားကြတဲ့ မိုးကုတ်မြို့နေပြည်သူတွေက နိုဝင်ဘာလ ၆ ရက် မနေ့ညပိုင်းမှာ မြို့လုံးကျွတ် သံပုံးတီး ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
Read More

စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ပေါ်ကျောင်း ပြိုကျပျက်စီးပြီး သက်တော် ၈၀ အရွယ် ကျောင်းထိုင်ဘုန်းကြီး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ မင်းစုံတောင် သစ်တောကြိုးဝိုင်းအတွင်းမှာရှိတဲ့ တော​င်ပေါ်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေယာဥ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် သက်တော်၈၀အရွယ် ကျောင်းထိုင်ဘုန်းတော်ကြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ နမခ ကို တော်လှန်ရေးတပ်များ ရှော့တိုက်ဒုံး အလုံး၃၀ နှင့်ပစ်ခတ်တိုက်ခိုက်၊ (PSO) ဗိုလ်ကြီးကောင်းခန့်ဇော်၊ တပ်ကြပ်ကြီး ၁ဦးနှင့် အမှတ် ၁၂ အဆင့်မြင့်ဆက်သွယ်ရေးတပ်က ဗိုလ်ကြီးအပါဝင် အများအပြား ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအဆင့်အပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ Chindwin Rocket Brothers -CRB တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဘောလခဲနှင့် ဖားဆောင်းစစ်ဆင်ရေးအတွင်း KNDF တပ်ရင်း ၁၅ မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၁၅) က ရဲဘော် ခွန်းဟဲဒီလင်း(ခ)ဂျေဆန်နဲ့ ရဲဘော် စောဆာဘွယ်မူး(ခ)ခူးထျိုးရယ်တို့ဟာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ် ရှေ့တန်းစစ်မြေပြင်တွေမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။