မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ပေးအပ်သွားမယ်လို့ ကနေဒါအစိုးရက ထုတ်ပြန်ပါတယ်။

ကနေဒါနိုင်ငံအနေနဲ့ အဆိုပါ ထောက်ပံ့ငွေတွေကို အရေးပေါ် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးတာ၊ နေထိုင်စားသောက်ရေးနဲ့ တခြား အရေးပေါ်ပစ္စည်းတွေအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ကူညီထောက်ပံ့ငွေထဲက ဒေါ်လာ ၄ သန်းကို ကနေဒါကြက်ခြေနီကတဆင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ကို ပေးအပ်မှာဖြစ်ပြီး ဒေါ်လာ ၂ သန်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ နောက်ထပ် ဒေါ်လာ ၂ သန်းကို မြန်မာနိုင်ငံ လူသားချင်းစာနာမှုရံပုံငွေကို ထောက်ပံ့ဖို့အတွက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးကို ပေးအပ်မယ်လို့ သိရပါတယ်။

ကျန်ရှိနေတဲ့ ဒေါ်လာ ၁ ဒသမ ၇၅ သန်းကိုတော့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့တွေဆီ ကနေဒါ လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေး ​ရံပုံငွေကတစ်ဆင့် ပေးအပ်သွားမယ်လို့ ဆိုထားပါတယ်။

ကနေဒါအနေနဲ့ မြေပြင်မှာ လုပ်ငန်းလည်ပတ်စွမ်းဆောင်နိုင်စွမ်းရှိကာ အတွေ့အကြုံရှိပြီး ယုံကြည်စိတ်ချရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့် အကူအညီတွေ ပေးအပ်မှာ ဖြစ်ကာ အဆိုပါကူညီထောက်ပံ့မှုတွေဟာ အကြမ်းဖက်စစ်ကောင်စီထံကနေ စီးဆင်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

UWSA ဝတပ်နဲ့ ဖြစ်ပွားနေတဲ့ နယ်စပ်ပြဿနာ‌ ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီက ကိုင်တွယ်ဆွေးနွေးမည်ဟုဆို

ထိုင်း-မြန်မာနယ်စပ်မှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) နဲ့ ဖြစ်ပွားနေတဲ့ တင်းမာမှုနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားအဆင့်မဟာဗျူဟာနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီအနေနဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကိုင်တွယ်ဆွေးနွေးဖို့ စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
Read More

နယ်စပ်တိုက်ပွဲများကြောင့် ပြည်သူထိခိုက်နစ်နာမှုမျိုး မရှိစေအောင် အထူးသတိထားရန် ထိုင်းနှင့် စစ်ကော်မရှင် သဘောတူ

ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်နစ်နာတာမျိုး မဖြစ်အောင် အထူးသတိထား ဆောင်ရွက်ဖို့ အကြမ်းဖက်စစ်ကော်မမရှင်နဲ့ သဘောတူညီမှုရခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တချို့နဲ့ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး Mr.Sihasak Phuangketkeow တို့ မနေ့က ဒီဇင်ဘာ ၇ ရက် နေပြည်တော်မှာ တွေ့ဆုံချိန် အခုလို သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၆၀ ကျော် နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံရမှုကို NUG အလုပ်သမားရေးဝန်ကြီးဌာန အမှုဖွင့်တိုင်ကြား…

ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့ရှိ ပါကေးစက်ရုံမှာ မြန်မာလုပ်သား အယောက် ၆၀ ကျော် နစ်နာကြေးမရရှိဘဲ အလုပ်ကနေ မတရားထုတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်တွင်းသုံးငွေနဲ့ နှစ်နိုင်ငံကုန်သွယ်ဖို့ နိုင်ငံခြားငွေပြတ်တောက်နေတဲ့ စစ်ကောင်စီနဲ့ အိန္ဒိယဆွေးနွေး

အိန္ဒိယနဲ့ မြန်မာအကြား ရူပီးနဲ့ ကျပ်ငွေကတဆင့် နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ဖို့ နိုင်ငံခြားငွေပြတ်တောက်နေတဲ့ စစ်ကောင်စီနဲ့ အိန္ဒိယတို့ ဆွေးနွေးခဲ့ကြတယ်လို့ The Economic Times က ဖော်ပြထားပါတယ်။
Read More

မဲဆောက်မှာ ဟိုတယ်၊ မိုတယ်နဲ့ လူနေတန်းလျား ၁၃၁ နေရာကို ထိုင်းအာဏာပိုင်တွေ စီမံချက်နဲ့ ဝင်ရောက်စစ်ဆေး

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ဟိုတယ်၊ မိုတယ် အပါအဝင် လူနေအိမ်တန်းလျားပေါင်း ၁၃၁ နေရာကို ထိုင်း လဝက အပါအဝင် ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စုရွေးကောက်ပွဲ တရားမမျှတနိုင်၊ ဥရောပသမဂ္ဂအနေနဲ့ အသိအမှတ်မပြုဘူးလို့ EU လူ့အခွင့်အရေးကိုယ်စားလှယ် ပြော

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြန်မာစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကို ဥရောပသမဂ္ဂ (EU) အနေနဲ့ အသိအမှတ်ပြုမှာ မဟုတ်ကြောင်း EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Kajsa Ollongren က ပြောပါတယ်။