မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ပေမယ့် လူမရှိတာကြောင့် တွေ့ရှိတဲ့ သေနတ် ၁ လက်ကိုသာ သိမ်းဆည်းခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီ ၆ ရက် မနေ့က မနက်ပိုင်းမှာ ပခုက္ကူမြို့အနောက်ဘက်ရှိ အတင်းအဓမ္မ ဂိတ်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို Burma Revolution Rangers တပ်ဖွဲ့က ရဲဘော်(၂) ယောက် သွားရောက်ပြီး စစ်ဆင်ရေးလုပ်ဆောင်ပေမယ့် စစ်ကောင်စီတပ်သားတွေကို မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

အဲ့ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေထိုင်ရာနေရာတွေ၊ ဘန်ကာတွေ ကင်းစောင့်ရာနေရာတွေကို သွားရောက်ရှာဖွေခဲ့ရာ MA 1 သေနတ်တစ်လက်သာ တွေ့ရှိခဲ့တာကြောင့် ပစ်ခတ်မှု မပြုလုပ်ခဲ့ရဘဲ တွေ့ရှိတဲ့ MA1 တစ်လက်ကိုပဲ ယူဆောင်ပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံ၊ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

သင်္ကြန်ကာလ ဥပုသ်သီလစောင့်တည်နေသည့် ပြည်သူများကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ကမ်းနီရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက်ထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ထီးထဗျူဟာစခန်း စခန်းသိမ်းအောင်ပွဲအကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စက်တင်ဘာလအတွင်း ဖော်ဆောင်ခဲ့သည့် MSFC ကာကွယ်ရေးဌာနအောက်ခံ တပ်များနှင့် မဟာမိတ် စစ်ဆင်ရေးများ 

အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 
Read More

ဖားကန့်မှာ စစ်ရေးတင်းမာနေလို့ စာသင်ကျောင်းများ ပိတ်ထားရ…

“အဲဒီကျောင်းက ဖားကန့်မြို့လည်ခေါင်မှာ ရှိတာ၊ ကျောင်းက အခုမှ ပိတ်တာပါ၊ အာဏာသိမ်းပြီးကတည်းက တောက်လျှောက်ဖွင့်နေတာ၊ အခုမှပဲ ပိတ်တာ၊ ပိတ်တယ်ဆိုတာကလည်း ယာယီပိတ်တာပါ၊ အစိုးရကျောင်း အပြီးပိတ်တာ မဟုတ်ပါဘူး” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မင်းတပ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီ လေကြောင်းက ဆက်တိုက် ဗုံးကြဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုနေကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်ထံက သိရပါတယ်။