မြန်မာ့မြေငလျင်ဘေး ကူညီပေးဖို့အတွက် ထိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၂ က နေပြည်တော်ကနေ မန္တလေးမြို့ကို ရောက်ရှိပြီး ဧပြီ ၇ ရက်မှာ လုပ်ငန်းတွေစတင်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ထိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ ထိုင်းသံအမတ်ကြီးတို့ဟာ ငလျင်ဒဏ်ခံခဲ့ရတဲ့ Sky Villa ရဲ့မြေပြင်အခြေအနေကို ကွင်းဆင်းကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းအရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်တွေအနေနဲ့ မင်္ဂလာစျေး၊ အဓိပတိလမ်းနဲ့ ပြည်သူတွေနေထိုင်ရာအနီးအနား သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Royal Thai Embassy)

0 Shares:
You May Also Like
Read More

မြန်မာလူငယ်များကို ပံ့ပိုးကူညီရေး ကုလသမဂ္ဂ အစည်းအဝေးတွင် ဖင်လန်နိုင်ငံ အလေးပေးပြောဆို

မြန်မာပြည်ရဲ့ လူငယ်မျိုးဆက်သစ်တွေကို ပံ့ပိုးကူညီဖို့ ဖင်လန်အနေနဲ့ ကတိပြုကြောင်း ဖင်လန်ပညာရေးဝန်ကြီးက ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ပြောဆိုခဲ့တယ်လို့ ScandAsia သတင်းဌာနက အောက်တိုဘာလ ၁ ရက်မှာ သတင်းဖော်ပြထားပါတယ်။
Read More

ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်‌သည့် “နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၅” ပြုလုပ်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက စီစဉ်ပြုလုပ်ပြီး ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်းတွေ ပါဝင်‌တဲ့ “နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၅”ကို အင်ချွန်းမြို့၊ ဘူဖျောင်းမြို့နယ်ရုံးမှာ မတ်လ ၂၃ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆိုးလ်မြို့လယ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မြန်မာ့လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆန္ဒပြချီတက်ပွဲကို ဇွန်လ ၁၅ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်မှာ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားနေ

ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်တပ်တွေဟာ ဇူလိုင်လ ၂၄ ရက်မနက်ပိုင်းမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

ထိုင်းမှာ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့လို့ လွတ်မြောက်လာသည့် မြန်မာ ၉၉ ယောက် ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ခံရ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၉၉ ယောက်ကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။
Read More

တရုတ်လုပ်ငန်းရှင်က မြန်မာလုပ်သားတွေကို လုပ်ခလစာမပေးလို့ ထိုင်းမှာ ဆန္ဒပြ

တရုတ်လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ ပရာချင်ဘူရီ ခရိုင်ထဲက ရိုဂျာနာစက်မှုဇုန်မှာ မြန်မာအလုပ်သမား ၇၀၀ လောက် လုပ်ခလစာမရလို့ ဆန္ဒပြခဲ့ကြောင်း ထိုင်းအခြေစိုက် မီဒီယာတချို့မှာ ဖော်ပြလာပါတယ်။