ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၈ ကြိမ်မြောက် အစည်းအဝေးအတွင်း လက်ရှိ မြန်မာ့ငလျင်ဘေးအတွက် ကူညီမှုတွေကို စစ်ကောင်စီဟာ နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ကုလအနေနဲ့ မျှတပြီး လက်တွေ့ဆန်တဲ့ ချဉ်းကပ်မှုမျိုးနဲ့အတူ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိစေချင်တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်ကနေ ဧပြီ ၄ ရက်အထိ တစ်လကျော်ကြာ ပြုလုပ်ခဲ့တဲ့ ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးတို့ တင်သွင်းခဲ့တဲ့ အစီရင်ခံစာတွေကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးက ကန့်ကွက်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက် အင်အားပြင်း ငလျင်ဒဏ် ခံစားခဲ့ရပြီးနောက်ပိုင်း စစ်ကောင်စီက မြန်မာနိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်လို့ မစ္စတာ တွမ်အင်ဒရူးက ပြောကြားခဲ့တာပါ။

မစ္စတာ တွမ်အင်ဒရူးတင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေကို အစည်းအဝေးမှာ အပြန်အလှန်ဆွေးနွေးခဲ့ကြတာဟာ အနှစ်သာရကင်းမဲ့တဲ့ ဆွေးနွေးမှုဖြစ်တယ်လို့ စစ်ကောင်စီက ဝေဖန်ခဲ့သလို လက်တွေ့တန်ဖိုး ကင်းမဲ့ပြီး ထိရောက်မှုမရှိတဲ့ လုပ်ပိုင်ခွင့်တွေကို အဆုံးသတ်ဖို့ ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။

ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကတော့ ငလျင်အလွန် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အဖွဲ့အစည်းအသီးသီးရဲ့ အပစ်ရပ် ကြေညာချက်တွေအပေါ် ကြိုဆိုကြောင်း ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းမှာ ခရီးသည်တင် ဘတ်(စ်)ကားတစ်စီး တိမ်းမှောက်၊ ၁၇ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းဘူးရီးခရိုင်မှာ ခရီးသည်တင် ဘတ်(စ်)ကားတစ်စီး တိမ်းမှောက်သွားပြီး လူ (၁၇) ယောက်သေဆုံးကာ အယောက် (၄၀) ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။  
Read More

စစ်ခေါင်းဆောင်ကို BIMSTEC အစည်းအဝေး တက်ရောက်ခွင့်ပြုမှုအပေါ် NUG ကန့်ကွက်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထရမ့်ကြားဝင်မှုအပြီး အပစ်ရပ်ဖို့ ထိုင်းနှင့် ကမ္ဘောဒီးယား ကနဦးသဘောတူခဲ့ပေမယ့် နှစ်ဖက် ဆက်လက် တိုက်ခိုက်နေ

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်ခဲ့ပြီးနောက် နှစ်ဖက်နိုင်ငံတွေက အပစ်ရပ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် ဇူလိုင်လ ၂၇ ရက်၊ ပဋိပက္ခ ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Read More

တရုတ်လက်ထောက်လုံခြုံရေးဝန်ကြီးနှင့် စစ်ကောင်စီ ကျားဖြန့်ငွေလိမ်ဂိုဏ်း နှိမ်နင်းရေး နေပြည်တော်မှာ ဆွေးနွေး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသား အယောက် ၂၀၀ ကို ပြန်လွှဲဖို့ စီစဉ်နေ

တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီးနဲ့ စစ်ကောင်စီဝန်ကြီးတွေ နေပြည်တော်မှာ တွေ့ဆုံပြီး ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး ဆွေးနွေးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေး အခြေအနေပိုဆိုးလာချိန် နိုင်ငံတကာက တုံ့ပြန်ရန် ပျက်ကွက်နေသည်ဟု ကုလလူ့အခွင့်အရေးအရာရှိ ဝေဖန်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မမြင်ရတဲ့ အကျပ်အတည်းကို တုံ့ပြန်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အမ်ဒရူးက အောက်တိုဘာလ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။
Read More

မြန်မာအချင်းချင်း ကလဲ့စားချေဖို့ဆိုပြီး လက်နက်စုဆောင်းသူနဲ့ သယ်ယူပေးသူကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာအချင်းချင်းကလဲ့စားချေဖို့အတွက် လက်နက်စုဆောင်းနေတုန်းမှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်မြို့ခံတွေဆီက သိရပါတယ်။