“ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရမ်းဇာတိပါ၊ ကျနော့်အမျိုးသမီးကတော့ မကွေးသူပါ။ မကွေးမှာ လိုက်ပြီး အလုပ်လုပ်ရင်းနဲ့ မကွေးမှာ ပေါ်တာဆွဲခံရတာပါ။ စစ်မှုမထမ်းမနေရဆိုပြီး ပေါ်တာဆွဲခံရပြီးတော့ ကလေးမြို့ကို ရဟတ်ယာဉ်နဲ့ခေါ်သွားပါတယ်။ အဲဒီကိုရောက်တော့ ကျနော်တို့ ပစတွေကို သေနတ် အဖြုတ်အတပ်တွေသင်ပေးတယ်၊ ပစ်ခတ်မှုပုံတွေကိုလည်း သင်ပြပေးပါတယ်။ အဲဒါပြီးရင် အရေးကြီးတယ်ဆိုပြီး ကျနော်တို့ကို ရှေ့တန်းပို့ပါတယ်”

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခလရ(၉၄)ကိုယ်ပိုင်အမှတ်- တ/၄၀၉၂၁၈ တပ်ကြပ်ကြီး အောင်ကိုဝင်း၏ ပြောကြားချက် (ရုပ်/သံ)

''အလင်းလာဝင်ရတဲ့ ကိစ္စကတော့ ဒီကောင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ မခံနိုင်တော့လို့ လက်နက်တွေ ယူပြီး အလင်းလာဝင်တာပါ။ ကျနော်နဲ့အတူ ရဲဘော် ၃ ယောက်ပါပါတယ်။ ဒီကောင်တွေ အာဏာရူး ရူးနေပြီးတော့ ဖိနှိပ်ထားတဲ့ဒဏ်ကို.. ဒီကောင်တွေကို ပြန်တိုက်တော့မယ်လို့ စိတ်ကူးထားတယ်''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာတဲ့ တပ်မ(၅၅) လက်အောက်ခံ ခလရ-၃ကိုယ်ပိုင်အမှတ်- တ/၅၆၂၁၁၇ တပ်ကြပ် သက်ခိုင်ဦး (ရုပ်/သံ)

''နောက်တန်းပြန်ပို့တဲ့အချိန်တော့ စားရပါတယ်။ အခုနောက်ပိုင်း ရိက္ခာတွေ ပြတ်တောက်ပြီးတော့ လူတွေလည်း အားမရှိ၊ လဲတဲ့သူကလဲ၊ နေမကောင်းတဲ့သူက မကောင်းဖြစ်နေတာ အပေါ်က အ ထက်အရာရှိတွေက လိမ်လည်ခိုင်းတော့ မသေသင့်ဘဲ သေရမှာစိုးလို့ အလင်းလာဝင်ခြင်းဖြစ်ပါတယ်"
Read More

ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်း ရဲဘော်တွေရဲ့ သင်တန်းကာလ အတွေ့အကြုံတွေနဲ့ လက်ရှိတာဝန်အပေါ်ခံယူချက် (ရုပ်/သံ)

ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force (S.A.F)) ရဲ့ အခြေခံပညာသင်တန်းဆင်း ကုန်ထုတ်လုပ်မှုဌာနက ရဲဘော် ပီကာချူးနဲ့ စစ်ဆင်‌ရေးဌာနက ရဲဘော်ပေါက်စတို့ဟာ သင်တန်းကာလအတွေ့အကြုံတွေနဲ့ လက်ရှိတာဝန်အပေါ် ခံယူချက်တွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- မောင်ဖြိုး၏ ပြောကြားချက် (ရုပ်/သံ)

"ဘာကြောင့်အလင်းဝင်လာလဲဆိုတော့ အစောပိုင်းကလည်း လုပ်ချင်လို့ လုပ်လာတာမဟုတ်ပါဘူး။ အခုအလင်းဝင်လာတာလည်း ကိုယ့်အတွက် ရွေးချယ်စရာရှိတယ်ဆိုတဲ့ဟာ သိရလို့ ဝင်လာတာပါ။ စနိုက်ဘာတစ်လက်ရယ်၊ MA-1 တစ်လက်ရယ် ယူပြီး အလင်းဝင်ခဲ့တာပါ''
Read More

ပြည်သူ့စစ်တွေကို ရှေ့ဆုံးကတိုက်ပွဲဝင်ခိုင်းနေကြောင်း တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၆ တပ်ရင်းမှ တပ်သား မောင်မောင်ဝင်း ထွက်ဆိုချက် (ရုပ်/သံ)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ပြည်သူ့စစ်တွေကို ရှေ့ဆုံး ကနေ တိုက်ပွဲဝင်ခိုင်းနေကြောင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၆ တပ်ရင်းမှ ပြည်သူ့စစ်တပ်သား မောင်မောင်ဝင်းက အာရက္ခတပ်တော်ထံ ထွက်ဆိုခဲ့ပါတယ်။
Read More

‘ညီလေးက ပြည်သူ့သားကောင်း ဖြစ်မယ့်ကောင်’ ဆိုပြီး အချုပ်ထဲထည့်ကာ ညောင်ကျိုးတိုက်ပွဲအထိ ပို့ဆောင်ခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား နန်းလင်းသူ၏ ပြောကြားချက် (ရုပ်/သံ)

''တိုက်ပွဲအနေအထားက တော်တော်ကြမ်းတယ်။AA ထိုးစစ်ကလည်း ကြမ်းတယ်။ တက်သွားတုန်းက အင်အား ၂၀၀ လောက်တက်သွားတာ။ အောက်ကို ပြန်ဆင်းတော့ ၁၂၀ လောက်ပဲ ပြန်လာ တော့တယ်။ နတ်စင်ကုန်းဘက်ကို ပြန်ဆုတ်လာတာ တာဝါတိုင်ကုန်းကို တက်ပြီး ထိုးစစ်ဆင်တော့ အကျအဆုံးများတယ်ဆိုပြီ။ အဲဒီနတ်စင်ကုန်းကို AAက ထပ်ပြီးထိုးစစ်ဆင်တယ် ၂ ရက် ၃ ရက် ခြား။ စနိုက်ဘာနဲ့ နည်းနည်း နည်းနည်း ထိပြီးကျတာ။ အမှည့်ခြွေ ခြွေခံရတာ။ ၇၀ လောက်ပဲရှိတော့ တယ်။ အဲလည်းကျ AAက အင်အား ၁၀၀၀ လောက်နဲ့ဝင်ပြီးတော့ လုံးလိုက်တော့ အခုညောင်ကျိုး ကျသွားပြီ''