မြန်မာနိုင်ငံကို ရောက်ရှိပြီး ငလျင်ဘေးမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ ထိုင်းနဲ့ စင်ကာပူ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးပစ္စည်းတွေ အသီးသီးလှူဒါန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ငလျင်ဘေးအတွက် ကူညီနေတဲ့ စင်ကာပူ ကူညီကယ်ဆယ်ရေးအဖွဲ့ Singapore Civil Defence Force/ Operation Lionheart Contingent ဟာ သူတို့ ယူဆောင်လာတဲ့  ရှာဖွေကယ်ရေးလုပ်ငန်းသုံးပ ပစ္စည်းကိရိယာတွေထဲက (၁၁) မျိုးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေကတော့  Festival dome/shade (၆)လုံး၊ Foldable tables & Benches (၄)လုံး၊ 1-Man Tent (၇၉)လုံး၊ Tent Lights (၈၀)လုံးခန့်၊ Inflable Pillow (၈၀)လုံးခန့်၊ Yoga mat (၈၀)ခုခန့်၊ Slippers (၅၀)ရံခန့်၊ Spray Paint (၁၀)ဘူးခန့်၊ Dog Food (၁)ပါကင်၊ 3M Mask (၅၀)ခုခန့်၊ Mini Cutter Battery (၁)လုံး၊ Canned Food/ OTG တို့ ဖြစ်ပါတယ်။

Singapore Civil Defence Force/ Operation Lionheart Contingent ဟာ သူတို့ ယူဆောင်လာတဲ့  ရှာဖွေကယ်ရေးလုပ်ငန်းသုံးပ ပစ္စည်းကိရိယာတွေထဲက (၁၁) မျိုးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ ပေးအပ်စဉ် (ဓာတ်ပုံ Myanmar Fire Service Department)

တဆက်တည်းမှာပဲ  ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းကလည်း မန္တလေးမြို့မှာ ပျက်စီးနေတဲ့  အဆောက်အဦးတွေ ရှင်းလင်းရာမှာ အသုံးပြုဖို့ ဘတ် ၁၀ သိန်း တန်ဖိုးရှိ မြေတူးကားလှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ပါတယ်။

မြေတူးကားကို ထိုင်းသံအမတ်ကြီး H.E. Mr. Mongkol Visitstump က စစ်ကောင်စီရဲ့  မန္တလေးတိုင်းအစိုးရအဖွဲ့၊ လူကယ်ပြန်ဝန်ကြီး ဦးအောင်ကျော်မိုးထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ငလျင်ဘေးအတွက် မြန်မာနိုင်ငံကို နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ မတ်လနောက်ဆုံးပတ်ထဲမှာ ဆက်တိုက်ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကာ လက်ရှိမှာတော့ တချို့အဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားလို့ ပြန်လည်ထွက်ခွါနေကြပြီ ဖြစ်ပါတယ်။

ထိုင်းသံအမတ်ကြီး H.E. Mr. Mongkol Visitstump က စစ်ကောင်စီရဲ့  မန္တလေးတိုင်းအစိုးရအဖွဲ့၊ လူကယ်ပြန်ဝန်ကြီး ဦးအောင်ကျော်မိုးထံ ထိုင်း-မြန်မာချစ်ကြည်ရေးအသင်းကိုယ်စား အလှူငွေနှင့် ပစ္စည်းများ ပေးအပ်စဉ် (ဓာတ်ပုံ Royal Thai Embassy Yangon)

0 Shares:
You May Also Like
Read More

သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေပြီး ကလေးများနှင့် သံဃာတော်များအပါ ၈ ဦးဒဏ်ရာရ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေနဲ့ သံဃာတော်တွေအပါအဝင် ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ်သတင်းပေးဆိုသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်တပ်ကို သတင်းပေးလုပ်ဆောင်နေတဲ့ ကိုမိုး ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆၊ Black Dragon (GBK-PDF) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရွှေတောင်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ ထွေအုပ်စာရေး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်မှာ စစ်ကောင်စီရဲ့ သန်းခါင်စာရင်းကောက်ယူနေမှုကို အားတက်သရော ပါဝင်နေတဲ့ ထွေအုပ်စာရေးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 3601 PPDF တပ်ရင်းထံက သိရပါတယ်။
Read More

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာတွေရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အာဏာရှင်သန်းရွှေ တည်ဆောက်ခဲ့သည့် နေပြည်တော်ကို အာဏာရှင် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မည်…

စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေ ရှိခဲ့တဲ့ နေပြည်တော်ကို အကြမ်းဖက် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
Read More

အင်းတော်မြို့နယ်တွင် ပန်ဒါနီ ၉ ကောင် တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်များကို NUG ဖမ်းဆီးထိန်းသိမ်း

အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်မှုနယ်မြေ၊ အင်းတော်မြို့နယ်အတွင်း ပန်ဒါနီ ၉ ကောင်ကို တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။