ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ယောက်အပါအဝင် ကလေးငယ် (၂) ယောက် သေဆုံးပြီး ပြည်သူ(၃) ယောက် ဒဏ်ရာရကာ နေအိမ် (၃) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင်၊ ဒွယ်လိုး မြို့နယ်၊ လေးဖိုးထာကျေးရွာအုပ်စု၊ နဲကကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဧပြီလ (၂) ရက်၊ ညနေပိုင်းမှာ လေယာဉ်နဲ့ (၁) ကြိမ် ဗုံးသီး (၃)လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နဲကကျေးရွာနေ (၃) လသားအရွယ် ကလေးငယ် (ရင်ဘက်ထိမှန်ဒဏ်ရာဖြင့်သေဆုံး)နဲ့ အသက် (၁၂) နှစ်အရွယ် လေးတန်းကျောင်းသူ (ရင်ဘက်ထိမှန်ဒဏ်ရာဖြင့်သေဆုံး) တို့ဟာ ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသက် (၁၀) နှစ်အရွယ် ကလေးငယ်အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပြည်သူတွေ ငလျင်ဘေးသင့်ပြီး အတိဒုက္ခရောက်နေချိန်မှာ ဒေသခံပြည်သူတွေ ရှိရာကို လက်နက်ကြီး၊ လေယာဥ်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ကြောင့်ကြစွာ နေထိုင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက မူတြော်ခရိုင် ၊ နဲကကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့်  ပြည်သူတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုမှတ်တမ်းများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြခြင်းများ ပြုလုပ် (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ ရေစကြိုမြို့နယ်ကျောင်းသားသမဂ္ဂနဲ့ မြိုင်မြို့နယ်ကျောင်းသားသမဂ္ဂ ပူးပေါင်းပြီး  လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မင်းလှမြို့နယ် ဇရစ်မျှောင်ရွာမှ အမျိုးသမီး ၅ ဦးအား စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ချောက်တွင် စစ်အုပ်စုနှင့် PDF ၄ ရက်ဆက် ထိတွေ့မှု့ဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၂ ဦး သေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲ ၄ ရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၂ ယောက် သေဆုံးကာ အများအပြားထိခိုက်သွားကြောင်း Chauk Revolution Army တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်ဒဏ်အပြီး လေကြောင်းတိုက်မှုများ ဆက်တိုက်လုပ်နေသည့် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေဆိပ်ကို ဧပြီလ ၁၈ ရက် မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ဖွဲ့စည်းပုံပျက်အောင် တိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေ ကြိုဆို

ဘုတလင်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သပြေညိုနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ရေဦးမှာ သင်တန်းဆင်းပွဲလုပ်နေတဲ့ ပျူတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၃ယောက်သေ၊ ၇ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ်မှာ ပျူစောထီးသင်တန်းဆင်းပွဲကျင်းပတဲ့နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၃ယောက်သေပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ​၇ယောက်ရှိခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။