ချင်းပြည်နယ် ဖလမ်းမြို့က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ချင်းညီနောင် ပူးပေါင်းတပ်တွေဟာ ဖလမ်းမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အစပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နောက်ဆုံးလက်ကျန်စခန်းကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။

“ဖလမ်းက မနေ့ညနေကတည်းက ရထားပြီလို့ သိရပါတယ်။ အရင်ကတည်းက ဖလမ်းမြို့ပေါ်မှာက ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထားပြီးသားပေါ့နော်။ အခုကတော့ နောက်ဆုံးလက်ကျန်ကို သိမ်းပိုက်ရသွားတဲ့ အနေအထား။ လုံးဝ သူတို့ (စစ်ကောင်စီ) ဆက်သွယ်ရေးစက်တွေနဲ့ ပြတ်သွားပြီ။ လုံးဝကျသွားပြီဆိုတာ သေချာသလောက်နီးပါးရှိပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသလို ချင်းညီနောင် အတွင်းရေးမှူးအဖွဲ့ဝင် ရောဘတ်ကတော့ “အပြီးသတ်ပြီဆိုရင်တော့ သတင်းထုတ်ပြန်ပါမယ်ခင်ဗျ” လို့ မောင်းကို ပြန်ဖြေခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့စဉ်က ဖလမ်းမြို့မကျရေးအတွက် စစ်ကောင်စီက လေကြောင်းရော ကုန်းကြောင်းကပါ စစ်ကူတွေ ဆက်တိုက်ပို့ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ချင်းတော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူတပ်စွဲထားတဲ့ ဖလမ်း ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ဆေးရုံကုန်းနေရာတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၂ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အညံ့ခံခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ချင်းညီနောင်အဖွဲ့ဟာ ချင်းပြည်နယ်အတွင်းက ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့၊ ကျင်ဒွေးနဲ့ ဖလမ်းမြို့တို့ကို သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။

ချင်းပြည်နယ်က မင်းတပ်နဲ့ ကန်ပက်လက်တိုက်ပွဲတွေ အပါအဝင် မြို့သိမ်းတိုက်ပွဲတွေမှာ အာရက္ခတပ်တော် AA ကလည်း လက်နက်ခဲယမ်းနဲ့ စစ်ရေးဗျူဟာတွေ ပံ့ပိုးကူညီခဲ့ကြောင်းကို ချင်းညီနောင် တပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ဖော်ပြောကြားထားပါတယ်။

AA နဲ့ မဟာမိတ်ဖြစ်တဲ့ ချင်းညီနောင်တပ်ဖွဲ့မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၊ ချင်းဒေသ ကာကွယ်ရေးအဖွဲ့ (ကန်ပက်လက်)၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (မတူပီ) တပ်မဟာ ၁ တို့ ပါဝင်လျက် ရှိပါတယ်။

0 Shares:
You May Also Like
Read More

မင်းတုန်းမြို့တောင်ပိုင်း စစ်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့တောင်ပိုင်းမှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုအတွက် ကျူးလွန်သူ၊ စေခိုင်းသူနှင့် ပါဝင်ပတ်သက်သူများကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ကာ ပြည်သူများစွာကို သေစေခဲ့မှုအတွက် ပြစ်မှုကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ

တော်လှန်ရေးတပ်တွေ အများစု စိုးမိုးထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သဲကုန်းမှာ သန်းခေါင်စာရင်းကောက်ယူမှု အားတက်သရော လုပ်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို သွားရောက်ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်း ဝင်းဘရားသားရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

RCSS နဲ့ SSPP ထိတွေ့ တိုက်ပွဲတွေ များပြားလာမှုကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိ

ရှမ်းမြောက်က မိုင်းကိုင်ဒေသမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၃ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မနေ့က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ငူ-သံတောင်လမ်းပိုင်းမှာ စစ်သားတွေတိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force - Saw ထံက သိရပါတယ်။