ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၅) ယောက် ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် (၁) လုံးနဲ့ ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။

ရွှေကျင်မြို့နယ်အတွင်း ဧပြီလ (၅) ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၆၄ တပ်ရင်းက ဟောင်ဝစ်ဇာ လက်နက်ကြီး (၃) လုံး ပစ်ခတ်ခဲ့ရာ ဝိုင်ပျဥ်ရေ ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အရပ်သား (၄) ယောက် ထိခိုက် ဒဏ်ရာ ရရှိကာ ညောင်သာယာ ဘုန်းတော်ကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မူးမြိုနယ်အတွင်းမှာလည်း ဧပြီလ (၄) ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၃၅၁ တပ်က လက်နက်ကြီး (၅) လုံး ပစ်ခတ်ခဲ့ရာ စစ်ဘေး‌ရှောင်တွေ ခေတ္တပုန်းရှောင်နေတဲ့ ပဒကုန်းကို ကျရောက်ပေါက်ကွဲပြီး ကရင်မြက်ရဲကျေးရွာက အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ (၃) ရက် ညနေပိုင်းကလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ−၇၃ တပ်ရင်းက ၁၂၀ မမ (၁) လုံးပစ်ခတ်ခဲ့ရာ ကျောက်ကြီးပေါက်ကျေးရွာထဲ ကျရောက် ပေါက်ကွဲပြီး နေအိမ် (၁)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

တော်လှန်ရေးအတွက် အချိန်အသင့်အခါသင့်ဖြစ်လို့ အောင်ပွဲရယူရမယ်လို့ TNLA အသိပေး

လက်ရှိအခြေအနေဟာ တော်လှန်ရေးအတွက် အောင်ပွဲရယူနိုင်ဖို့ အချိန်အခါအသင့်ဖြစ်တယ်လို့ တအာင်းတပ်မတော် - TNLA က အသိပေး ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်လေဆိပ်တစ်ခုလုံးကို KIA တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားရရှိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း ဗန်းမော်လေယာဉ်ကွင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် - KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း သင်တန်း ပို့ချ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာလူထုကို လူ့အခွင့်အရေးတာဝန်ခံ ဦးဆောင်ပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်း ကမ်းသင်တန်းကို ပို့ချပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမြို့နယ်အတွင်း စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

မိခင်နေမကောင်းလို့ ဆေးထွက်ဝယ်ရင်း BGF ကားနဲ့ တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ယောက်ဟာ စစ်ဘေးရှောင်လာသူတွေဖြစ်နေ

ကရင်ပြည်နယ် မြဝတီမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့က နယ်ခြားစောင့်တပ် BGF ကားနဲ့တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ ယောက်ဟာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာကြသူတွေဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
Read More

ကြာနီကန်ရွာ လမ်းမကြီး အရှေ့နှင့် အနောက်ဘက်ခြမ်းက နေအိမ်များကို အစိုးရပိုင်ဟုဆိုကာ စစ်အုပ်စုက ၃ရက်ဆက် ဖျက်ဆီးခဲ့…

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ရွာ လမ်းမကြီးဘေးမှာရှိတဲ့ နေအိမ်ရာနဲ့ချီကို စစ်ကောင်စီက လမ်းပိုင်မြေ မလွတ်ဘူးဆိုပြီး ဘူဒိုဇာတွေနဲ့ ၃ ရက်ဆက် ဖျက်ဆီးခိုင်းခဲ့တယ်လို့ MDY Revolution တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။