မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိ ငလျင်ကြီးနဲ့ ပတ်သက်ပြီး ခေါ်ဝေါ် ရည်ညွှန်းရာမှာ မန္တလေးငလျင်ကြီးလို့ သုံးနှုန်းကြဖို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။

“၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၅၁ မိနစ် မြန်မာနိုင်ငံအတွင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိတဲ့ ငလျင်ကြီးနဲ့ ပတ်သက်ပြီး မှတ်တမ်းပြုစုရာမှာ၊ ဖော်ပြချက်တွေ ဖော်ပြရာမှာ၊ ရည်ညွှန်းပြောဆိုရာမှာ တူညီ လွယ်ကူစေရန်အတွက် မန္တလေးငလျင်ကြီးဟု သတ်မှတ်ခေါ်ဝေါ် သုံးစွဲသွားမှာဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါတယ်” လို့ ဇော်မင်းထွန်းက သူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံလိုင်းတွေကနေ ပြောကြားလိုက်တာပါ။

သတင်းမီဒီယာတွေအနေနဲ့လည်း အဆိုပါ ငလျင်နဲ့ ပတ်သက်ကြီး ရေးသားရာမှာ မန္တလေးငလျင်ကြီးလို့ သုံးနှုန်းကြဖို့ သူက ပြောခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ဒုက္ခတွေ့နေတဲ့ မြန်မာပြည်သူတွေရဲ့ ဘဝတွေဟာ အဆိုပါ ငလျင်ဒဏ်ကြောင့် ပိုမိုဆိုးဝါးသွားစေခဲ့ပြီး အထူးသဖြင့် မန္တလေးနဲ့ စစ်ကိုင်းက ဒေသခံတွေ များစွာ ထိခိုက်နစ်နာခဲ့ရပါတယ်။

ဧပြီလ ၆ရက် ညနေပိုင်းအထိ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူ ၃၅၆၄ ယောက်၊ ဒဏ်ရာရသူ ၅၀၁၂ ယောက်နဲ့ ပျောက်ဆုံးနေသူ ၂၁၀ ယောက် ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ​ပြည်သူ့တော်လှန်ရေးတပ်ဦးက ရဲဘော်ဝဿန်၏ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအခမ်းအနား…

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ အဖိနှိပ်ခံလူထုလွတ်​မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ​ရဲဘော်ဝဿန်ရဲ့ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံး၊ (၃) ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရကာ လူနေအိမ် (၃)လုံးနဲ့ ကား (၁)စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

“အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့” လှုပ်ရှားမှုဖော်ဆောင်ခဲ့တဲ့ ရဲဘော် ၂ ဦး ဖမ်းဆီးစစ်ကြောခံနေရ

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှု ဖော်ဆောင်ခဲ့တဲ့ ရွှေပြည်သာသပိတ်ကော်မတီက ရဲဘော် ၂ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးလိုက်တယ်လို့ New Generation Youth Strike Committee ထံက သိရပါတယ်။ 
Read More

ဗန်းမော်လေဆိပ်တစ်ခုလုံးကို KIA တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားရရှိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း ဗန်းမော်လေယာဉ်ကွင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် - KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

သရက်သီးထွက်ကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး၊ AK တစ်လက် ရရှိ

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်း ကုက္ကိုစုရွာမှာ သရက်သီးထွက်ကောက်တဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးသွားတယ်လို့ နွေဦးညီနောင် − ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဇွန်လအတွင်း မင်းကွန်းဒေသ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အယောက် ၅၀ ထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသမှာ ဇွန်လအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။