မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ပေမယ့် လူမရှိတာကြောင့် တွေ့ရှိတဲ့ သေနတ် ၁ လက်ကိုသာ သိမ်းဆည်းခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီ ၆ ရက် မနေ့က မနက်ပိုင်းမှာ ပခုက္ကူမြို့အနောက်ဘက်ရှိ အတင်းအဓမ္မ ဂိတ်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို Burma Revolution Rangers တပ်ဖွဲ့က ရဲဘော်(၂) ယောက် သွားရောက်ပြီး စစ်ဆင်ရေးလုပ်ဆောင်ပေမယ့် စစ်ကောင်စီတပ်သားတွေကို မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

အဲ့ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေထိုင်ရာနေရာတွေ၊ ဘန်ကာတွေ ကင်းစောင့်ရာနေရာတွေကို သွားရောက်ရှာဖွေခဲ့ရာ MA 1 သေနတ်တစ်လက်သာ တွေ့ရှိခဲ့တာကြောင့် ပစ်ခတ်မှု မပြုလုပ်ခဲ့ရဘဲ တွေ့ရှိတဲ့ MA1 တစ်လက်ကိုပဲ ယူဆောင်ပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခမရ ၁၁၉ မှာ တာဝန်ကျကာ အလင်းဝင်လိုသည့် စစ်မှုထမ်းတပ်သားကို Burma Revolution Rangers အဖွဲ့ သွားရောက်ကယ်ထုတ်ပေးခဲ့

စစ်မှုထမ်းတပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့အခြေစိုက် ခမရ ၁၁၉မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ကို သွားရောက်ကူညီ ခေါ်ဆောင်ပေးခဲ့ရကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

သိန္နီခရိုင်၊ သံလွင်နယ်၊ နမ့်ပေါင်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြန်စာသင်ကျောင်းတစ်ခုပျက်စီးခဲ့ပြီး အရပ်သားတစ်ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင်၊ သံလွင်နယ်၊ နမ့်ပေါင်ကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ မြန်စာသင်ကျောင်းတစ်ခုပျက်စီးခဲ့ပြီး အရပ်သားတစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို CDF မင်းတပ် ထုတ်ပြန်ပြသ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို Chin Defence Force - CDF မင်းတပ်က ဒီနေ့မနက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းများ နုတ်ထွက်ခွင့်ပြုခြင်းဟာ မက်လုံးပေးဝါဒဖြန့်ရုံသက်သက်ဖြစ်ကြောင်း CDM တပ်ကြပ်ကြီး နောင်ရိုးပြော

တော်လှန်ရေးအင်အားစုတွေဆီ ထွက်ပြေးအလင်းဝင်ရောက်တာမျိုးနဲ့ မြေပြင်မှာ ခက်ခက်ခဲခဲ တပ်သားစုဆောင်းနေရတာတွေ လျှော့ချတားဆီးနိုင်ဖို့ စစ်အုပ်စုက စစ်မှုထမ်းတပ်သား အနည်းအကျဥ်းကို လှည့်ဖျားဝါဒဖြန့်ရုံသက်သက် နုတ်ထွက်ခွင့်ပြုတာတွေ လုပ်ဆောင်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်ဆိုင်ရာ သုတေသန တာဝန်ခံ CDM တပ်ကြပ်ကြီး နောင်ရိုးက မောင်းကို ပြောပါတယ်။
Read More

လက်ရှိအခြေအနေနှင့် အချိန်အခါအရ ရွေးကောက်ပွဲ ဖြစ်လာလျှင် စစ်မှန်သည့် ရွေးကောက်ပွဲ လုံးဝမဟုတ်ကြောင်း ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် ပြောကြား

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကော်မရှင်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
Read More

NUG အားနည်းချက်များရှိကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ဝန်ခံပြောကြား.. တိုင်းရင်းသား အင်အားစုကြီးများ အစိုးရအဖွဲ့ထဲ ပါလာရန် ကြိုးပမ်းသော်လည်း အကန့်အသတ်များ ရှိနေဟု ဆို..

ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း နွေဦးတော်လှန်ရေးမှာ အောင်မြင်မှုတွေရှိခဲ့သလို ကျရှုံးမှုတွေလည်း ရှိခဲ့ပြီး အဆိုပါ ကျရှုံးမှုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ခံပြောကြားလိုက်ပါတယ်။