မြန်မာ့ငလျင်ဘေးအတွက် ရောက်ရှိလာတဲ့ အိန္ဒိယနဲ့မလေးရှားနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပြန်လည်ထွက်ခွါသွားပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

စစ်ကိုင်းမြို့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ မလေးရှားနိုင်ငံ Special Malasia Disaster Assistance and Rescue Team (SMART) တပ်ဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ အချင်းချင်း ရင်ထိုးချင်း လဲလှယ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တစ်ဆက်တည်းမှာပဲ မန္တလေးမြို့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ အိန္ဒိယနိုင်ငံ National Disaster Response Force (NDRF) တပ်ဖွဲ့ဝင်တွေလည်း ပြန်လည်ထွက်ခွာသွားပြီလို့ ထုတ်ပြန်ပါတယ်။

အိန္ဒိယအဖွဲ့တွေကိုလည်း အမှတ်တရ ရင်ထိုးတွေနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ အသီးသီးပေးအပ်ခဲ့တယ်လို့ သိရပါတယ်။  

(ဓာတ်ပုံ Myanmar Fire Services Department)

0 Shares:
You May Also Like
Read More

တညောင်တိုက်နယ်ရဲစခန်းကို စလင်းပကဖ သိမ်းပိုက်မီးရှို့၊  ရဲ ၈ ဦး သေပြီး  ၂ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ စလင်းမြို့နယ်က တညောင်တိုက်နယ်ရဲစခန်းကို ဒီနေ့ (ဇူလိုင် ၃၀) မနက်အစောပိုင်းမှာ စလင်းပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီနိုင်ဖို့ စကစ ၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေရ၊ ခွင့်ပြုချက်ရတာနဲ့ ကူညီမှုတွေ စတင်မယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ပြော

ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းထန်ငလျင်ကြောင့် ထိခိုက်သူတွေကို ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုပေးနိုင်ဖို့ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့် စောင့်ဆိုင်းနေကြောင်း၊ ခွင့်ပြုမိန့်ရတာနဲ့ ကူညီမှုတွေ စတင်မှာဖြစ်တယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF, Myanmar) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်ဗျူဟာနယ်မြေ၊ ၇ မိုင်ကျေးရွာတိုက်ပွဲမှာ PDF ရဲဘော် ၁၂ ဦး ကျဆုံး

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာနယ်မြေက ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်ဗျူဟာက PDF ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူအပေါ် မောက်မာရိုင်းစိုင်းတဲ့ ဟုမ်းလမ်းဘူတာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံတင်ထားရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် ဦးစန်းငွေ ပစ်ခတ်ခံရပေမယ့် အသက်မသေဘဲ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ဆေးကုသမှုခံယူနေရကြောင်း Freeland Attack Force (FLA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ငလျင် အရေးပေါ်ကယ်ဆယ်ရေးငွေများကို ရွေးကောက်ပွဲ ပြုလုပ်ရန် အလွဲသုံးစားပြုလုပ်နေဟု ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ ထုတ်ပြန်…

"ငလျင်ဘေးကူညီငွေများဖြင့် ပြုလုပ်မယ့် စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို ပြည်သူနှင့် အတူတကွ ဆန့်ကျင်ကြပါစို့" လို့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က တိုက်တွန်းထားပါတယ်။
Read More

ဖားကန့်တွင် KIA/KPDF နှင့် SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ၂ဖက် ထိခိုက်မှုရှိ၊ SNA ဘက်မှ စနိုက်ပါသမားနှင့် တပ်သား ၁ဦးကို မူးယစ်ဆေးများနှင့် ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ KIA/KPDF တပ်တွေနဲ့ SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ၂ ဖက် အပြန်အလှန် ထိခိုက်မှုတွေရှိတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။