မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့ ဧပြီလ ၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

အပတ်စဉ် (၁/၂၀၂၄) အဖြစ် ပြုလုပ်တဲ့ ဒီသင်တန်းမှာ သစ္စာစောင့်သိမှု၊ စည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံတတ်မှု စတဲ့ ဘာသာရပ်တွေ အပါအဝင် သင်တန်းကို  စနစ်တကျအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ တာဝန်ခံ၊ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ၊ ကမ္မတပ်ပေါင်းစုတာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ ဒေသတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲမှာ မြိုင်ပကဖ တာဝန်ခံ ကိုလက်ယာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူအသီးသီးကလည်း သင်တန်းဆင်းရဲဘော်တွေကို အားပေးစကား ပြောကြားခြင်း ၊ ထူးချွန်သင်တန်းသားတွေကို ဆုချီးမြှင့်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့မှာ အရပ်ဘက်သုံးကားနဲ့ တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်ရာ ၄ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၁၀၁ ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ Shwe Nyar Myae PDF က ထုတ်ပြန်ထားပါတယ်။
Read More

အမှတ် (၂) စစ်ဆင်ရေးနယ်မြေအတွင်း ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါ ၈ဦးထက်မနည်းသေ၊ RPG နှင့် လက်နက်ခဲယမ်းအချို့ တော်လှန်ရေးတပ်များ ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေထဲ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဆီးကြိုတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၈ယောက်ထက်မနည်း သေဆုံးပြီး RPG နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF ၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီတပ် ကြေညာခဲ့သည့် အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ နောင်ချိုကို ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း KNU ရဲ့ ကရင်လူမူကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးရုံး (KORD) က ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း၊ ကရင်အမျိုးသားအစည်အရုံး - KNU ရဲ့ ကရင်လူမူကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးရုံး(KORD)၊ ခရိုင်တာဝန်ရှိသူတွေ ဦးဆောင်ပြီး ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ ရေလာ ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ရေလာကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မဲပေးရင် ငွေ ၂ သောင်းပေးမယ်လို့ ပြည်သူတွေကို စည်းရုံးခဲ့တဲ့ မြောင်ရဲစခန်း ဒရုန်းဗုံးသီးနဲ့ ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်မှာ ပြည်သူတွေကို မဲတစ်မဲပေးရင် ငွေ ၂ သောင်းပေးမယ်လို့ စည်းရုံးခဲ့တဲ့ စစ်ကော်မရှင်လက်အောက်ခံတပ်သားများရှိရာ မြောင်ရဲစခန်းထဲကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းဗုံးသီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။