အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက် ရှုတ်ချ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပါ်လျက်ရှိနေပါတယ်။

နိုင်ငံတဝန်း မနေ့က ဧပြီလ ၅ ရက်နေ့က စတင်ပြီး ပြည်နယ် ၅၀ က မြို့ကြီးတွေမှာ လူတွေ စုရုံးပြီး ထရမ့်ကို ဆန့်ကျင်ဆန္ဒပြနေခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ထရမ့် အစိုးရတက်လာပြီး လူမှုရေးဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် မကျေနပ်ချက်တွေကို ထုတ်ဖေါ် ပြောဆိုမှုတွေ အဓိကပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတွေက ထရမ့်အစိုးရရဲ့ လူမျိုးရေးခွဲခြားမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ စစ်မှုထမ်းဟောင်းနဲ့နိုင်ငံသားတွေရဲ့ အကျိုးခံစားခွင့် ဆိုင်ရာတွေမှာ စိုးရိမ်မှုတွေရှိကြောင်းကို ဖေါ်ပြတဲ့  ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြသခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းရဲ့ ဒေသတွင်း အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖွယ်ရှိ

ဘန်ကောက်မှာ ပြုလုပ်တဲ့ ဒီဇင်ဘာ ၁၉ ရက်ဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲအကြောင်း ဆွေးနွေးနိုင်တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

US အစိုးရလက်အောက် သတင်းဌာနများ၏ လုပ်ငန်းများလျှော့ချဖို့  ထရမ့်၏ ညွှန်ကြားမှုကြောင့်  သတင်းထုတ်လွှင့်မှုမှာ အခက်အခဲဖြစ်ပေါ်နေ

VOA နဲ့ RFA သတင်းဌာနတွေအပါအ၀င် အမေရိကန်အစိုးရ လက်အောက်ရှိ သတင်းဌာနတချို့ရဲ့ လုပ်ငန်းတွေလျှော့ချဖို့  ထရမ့်ရဲ့ ညွှန်ကြားချက်ကြောင့်  သတင်းထုတ်လွှင့်မှုမှာအခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
Read More

မြန်မာ့အကြမ်းဖက်မှုအား ရှုံ့ချကြောင်း အာဆီယံ ထပ်မံထုတ်ပြန်ရန်ရှိ

အရှေ့တောင်အာရှ၊ တရုတ်၊ ရုရှားနဲ့ အမေရိကန် ထိပ်သီးသံတမန်တွေပါဝင်တဲ့ အစည်းအဝေးတစ်ခုကနေ စစ်ဘေးသင့်မြန်မာပြည်က အရပ်သားတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း ထုတ်ပြန်ဖို့ရှိတယ်လို့ ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ချက်မူကြမ်းကို ကိုးကားပြီး AFP က ဖော်ပြထားပါတယ်။ 
Read More

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် BIMSTEC ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခွင့်ရရှိလာနိုင်မည့်အပေါ် Justice For Myanmar ကန့်ကွက်

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ့် အစီအစဉ်ဟာ မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်ကို စော်ကားလိုက်တာလို့ Justice For Myanmar က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
Read More

မြန်မာနိုင်ငံက ပြင်းထန်ငလျင်ဒဏ်သင့် ဒေသတွေကို အမေရိကန်က ကူညီမည်ဟု ဒေါ်နယ်ထရန့်က ပြော

မြန်မာနိုင်ငံကပြင်းထန်စွာ ငလျင်ဒဏ်သင့်ခံစားရတဲ့ဒေသများကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။
Read More

အစ္စရေးက Rising Lion စစ်ဆင်ရေး အမည်ဖြင့် အီရန်ကို စတင်တိုက်ခိုက်၊ နျူကလီးယားပစ်မှတ်များနှင့် အဝေးပစ်ဒုံးကျည် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ဟု ဆို

အစ္စရေးနိုင်ငံက Rising Lion စစ်ဆင်ရေးနာမည်နဲ့ အီရန်နိုင်ငံကို စတင်တိုက်ခိုက်ကြောင်း ကြေညာပြီးနောက် အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။