အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။

ဧပြီလ ၅ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာနဲ့ နမ့်ဆောင်ဟူးကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၃)ကြိမ် လာရောက်ကြဲချခဲ့တာ ဖြစ်ပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် (၄)လုံး ထိမှန်ပျက်စီး ဆုံးရှုံးသွားခဲ့ရတယ်လို့ TNLA က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က နေ့လယ်ပိုင်းမှာလည်း မိုးကုတ်မြို့အနောက်ပိုင်း ပင့်ကူတောင်အောက်အနီးကို  ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ဧပြီ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ အပစ်ရပ်ကြောင်း ကြေညာထားပေမယ့် ဧပြီ ၃ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ် (၇)မိုင်မှာ  ဂျက်ဖိုက်တာနဲ့ (၄)ကြိမ်၊ ဗုံး (၈)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

TNLA ၊ MNDAA နဲ့ AA တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့က တစ်ဖက်သက်အပစ်ရပ်ကြေညာပြီးနောက်မှာ အာဏာသိမ်း စစ်တပ်ဟာ အင်အားဖြည့်တင်းခြင်း၊ တိုက်ပွဲတွေအတွက် ထိုးစစ်ဆင်ခြင်း၊ တိုက်ပွဲ မဖြစ်ပွါးတဲ့ နေရာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ TNLA က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကြံ့ခိုင်ရေးကိုသာ အနိုင်ပေးမည်ဆိုသည်ကို သိလျက်နှင့် ဝင်ပြိုင်ခဲ့သူများ ကြံ့ခိုင်ရေးပါတီ အနိုင်ရနေတာကြောင့် ဝေဖန်ပြစ်တင်နေကြ

အာဏာသိမ်းစစ်ကော်မရှင်က သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ရွေးကောက်ပွဲပုံစံသစ်နဲ့ ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) မဲရလဒ်တွေ ထွက်ပေါ်လာချိန်မှာ စစ်တပ် လက်ဝေခံဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ (USDP) သာ အနိုင်ရနေတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်တွေအကြားမှာ “တရားမျှတမရှိဘူး” ဆိုတဲ့ ဝေဖန်သံတွေ ပြင်းထန်စွာ ထွက်ပေါ်လာနေပါတယ်။
Read More

မန္တလေး ဦးလှသိန်းဗိမာန်အတွင်းမှာ ပိတ်မိနေတဲ့ သံဃာတော် အပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေး တိုးမြှင့်လုပ်ဆောင်နေ

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ ဦးလှသိန်းဗိမာန်အတွင်းက သံဃာအပါး (၁၀၀) ကျော်ကို ရှာဖွေကယ်ဆယ်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အမ်းမြို့နယ်တစ်ခုလုံးကို AA ကတသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းဒေသတစ်ခုလုံးကို အာရက္ခတပ်တော် AA ကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေကို စစ်သင်တန်းပေးနေ

ပြည်နယ်နဲ့တိုင်း အသီးသီးက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတယ်လို့ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ထားဝယ်မြို့အဝင် စစ်တပ်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ယောက်ထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဆီမီးခုံမြို့မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက် ပစ်ခတ်ရာ ၂ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ…

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့က ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက်ပစ်ခတ်ရာ ရဲ ၂ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ MP-9 PDF က ထုတ်ပြန်ထားပါတယ်။