ငလျင်ဒဏ်သင့်  မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ USAID ဝန်ထမ်း ၃ယောက် အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ The New York Times သတင်းက ဖော်ပြပါတယ်။ 

ငလျင်ဘေးဒဏ်သင့် အရှေ့တောင်အာရှ နိုင်ငံဆီ စေလွှတ်ခံရတဲ့ ဝန်ထမ်း ၃ယောက်ဟာ အခုသီတင်းပတ်ကုန်ကျမှ သူတို့တွေ အလုပ်ထုတ်ခံရတော့မှာ ဖြစ်တယ်ဆိုတဲ့ အသိပေး အကြောင်းကြားမှုကို ရရှိခဲ့တာ ဖြစ်တယ်လို့ USAIDရဲ့ အရာရှိဟောင်း တစ်ယောက်ဖြစ်သူ မာစီယာ ဝေါင်က ပြောပါတယ်။ 

သူတို့ ၃ယောက်ထဲက တစ်ယောက်ဟာ ဝါရှင်တန်ဒီစီမြို့တော်ကနေ ထွက်ခွာလာတာဖြစ်ပြီး ကျန်တဲ့ ၂ယောက်ကတော့ မနီလာ နဲ့ ဘန်ကောက်မြို့က ထွက်ခွာလာကြသူတွေဖြစ်ကာ လက်ရှိ မန္တလေးမြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ သမ္မတသစ် ဒေါ်နယ်ထရန့် လက်အောက်မှာ USAID ကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေပြီး ဝန်ထမ်းအရေအတွက် အများအပြားကို ထုတ်ပယ်ဖို့လည်း ပြင်ဆင်လျက်ရှိပါတယ်။

ထုတ်ပယ်ခံလိုက်ရတဲ့ ဝန်ထမ်း ၃ ယောက်ဟာ  လူသားချင်း စာနာမှု အထောက်အပံ့တွေ ရောက်ရှိနိုင်ရေးအတွက် ကြိုးကြိုးစားစားနဲ့ အာရုံစိုက် လုပ်ဆောင်ခဲ့သူတွေလို့လည်း ဆိုပါတယ်။ 

သမ္မတ ဒေါ်နယ်ထရန့် လက်ထက်မှာ USAID ရဲ့ ပရောဂျက် စုစုပေါင်း ၈၄ ရာခိုင်နှုန်းကို ဖြတ်တောက် လျှော့ချထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့် ဒေသတွေမှာ ဆေးဘက်ဆိုင်ရာ အကူအညီတွေပေးဖို့ ဂျပန်စစ်လေယာဉ် ရောက်ရှိ

ငလျင်ဒဏ်သင့်ဒေသတွေမှာ အကူအညီပေးဖို့ ဆေးဝါးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ဂျပန် စစ်လေယာဉ်ဟာ ဒီနေ့ ဧပြီလ ၉ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ပေါက်ကိုယ်တော်နှင့် နှုတ်ခမ်းမွှေး တွေ့ဆုံမှု ထိုင်းရောက် တော်လှန်ပြည်သူများ သတိထားစရာဖြစ်လာ

ပေါက်ကိုယ်တော်လို့ လူသိကြတဲ့ စစ်တပ်လက်အောက်ခံ သင်္ကန်းဝတ် ပျူခေါင်းဆောင်ဟာ ထိုင်းနိုင်ငံကို သွား‌ရောက်ပြီး ထိုင်းမျိုးချစ် နှုတ်ခမ်းမွှေးလို့ ခေါ်ကြတဲ့ ဆုန်ချိုင်နီ (ယမ်) ဟုမ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သူ့ရဲ့ တစ်တော့မှာ အသိပေးဖော်ပြထားပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှသာ လူကုန်ကူးမှုအပါအဝင် ဆိုက်ဘာမှုခင်းများကို‌ အပြီးတိုင် တိုက်ဖျက်နိုင်မည်ဟု  ဦးကျော်မိုးထွန်း ပြောကြား

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းအောင် လုပ်ဆောင်နိုင်မှသာ မြန်မာနိုင်ငံအတွင်း ကင်ဆာရောဂါသဖွယ် ပြန့်ပွားလာနေတဲ့ လူကုန်ကူးမှုအပါအဝင် ဆိုက်ဘာမှုခင်းတွေကို အပြီးတိုင် တိုက်ဖျက်နိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

စစ်အုပ်စု၏မဟာမိတ် လူ့အခွင့်အရေးကော်မရှင်ကို ဖယ်ရှားပေးရန် နိုင်ငံတကာသမဂ္ဂများ ပူးပေါင်းတောင်းဆို

စစ်ကောင်စီရဲ့ မဟာမိတ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ကနေ ချက်ချင်းဖယ်ရှားပေးဖို့ နိုင်ငံတကာသမဂ္ဂအဖွဲ့တွေက ပူးတွဲတောင်းဆိုလိုက်ပါတယ်။
Read More

ဖိလစ်ပိုင်မှာ FORUM ON THE HUMAN RIGHTS AND HUMANITARIAN SITUATION IN MYANMAR ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး တက်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဖိလစ်ပိုင်နိုင်ငံမှာ ဖေဖော်ဝါရီလ (၂၁) ရက်က ကျင်းပတဲ့ FORUM ON THE HUMAN RIGHTS AND HUMANITARIAN SITUATION IN MYANMAR အခမ်းအနားကို တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲအတုကို လက်မခံဖို့ အပါအဝင် အချက် ၅ချက်ကို ကိုရီးယားလွှတ်တော်တွင် NUG တောင်းဆို

မြန်မာပြည်သူတွေဟာ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ထားကြပြီးဖြစ်တာကြောင့် အဆိုပါ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အပါအဝင် အချက် ၅ ချက်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကိုရီးယားလွှတ်တော်မှာ မနေ့က ‌တောင်းဆိုလိုက်ပါတယ်။