မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ပေါ်က ဆေးရုံအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

ဧပြီလ ၁ ရက် နေ့လယ်ပိုင်းမှာ MBT တပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံးနဲ့ အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆေးရုံဝန်းအတွင်းရှိနေတဲ့ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်သေဆုံးကာ ဗိုလ်အပါ ထိခိုက်ဒဏ်ရာရခဲ့သူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“အဲ့နေ့ နေ့လယ်ပိုင်းလောက်မှာ ကျနော်တို့ရဲဘော်၂ယောက် ဆေးရုံဝန်းနားအထိ ကပ်ပြီး လက်ပစ်ဗုံး ၂လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကင်းစောင့်နေတဲ့ စခ ၃ယောက် သေတယ်။ ဒဏ်ရာရတဲ့အထဲကျ ဆီမီးခုံက ဗိုလ်၁ယောက်ပါတယ်။ အခုတော့ သူတို့တွေ လုံခြုံရေးကင်းကို အင်အားပြန်တိုးထားကြတယ်” လို့ Myingyan Black Tiger ( MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးနိုင်မှုတွေ ထပ်မံရှိနိုင်သေးတာကြောင့် MBT ဘက်က ဆက်လက်စုံစမ်းနေတယ်လို့လည်း သိရပါတယ်။ 

ဧပြီလ ၁ရက်၊ အဲ့ဒီနေ့ မနက်အစောပိုင်းကပဲ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရွာမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၂ ယောက် သေဆုံးခဲ့ပါသေးတယ်။

MBT တပ်ဖွဲ့ဝင် ၁ဦးကို ဆီမီးခုံမြို့အဝင်တွင် တွေ့ရစဉ်
0 Shares:
You May Also Like
Read More

စက်တင်ဘာ လဝက်အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၁၈ ယောက်သေ

KNU တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်မှာ စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၆၃ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က အသိပေး ထုတ်ပြန်ပါတယ်။
Read More

သန်းခေါင်စာရင်းကောက်သူ​တွေကို တွေ့တဲ့နေရာမှာ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲပြော

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအတွက် သန်းခေါင်စာရင်း ကောက်ယူပေးသူတွေကိုလည်း ပြင်းပြင်းထန်ထန်အရေးယူသွားဖို့ရှိတယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ အပါအဝင် နိုဝင်ဘာလအတွင်း အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခံရ

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ ၁ယောက် အပါအဝင် အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသတွင်း လူ့အခွင့်အရေးချိူးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။ နိုဝင်ဘာလအတွင်း ရေးမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ တိုက်ခိုက်မှု (၇) ကြိမ်ဖြစ်ပွားခဲ့ပြီး ရေးမြို့နယ်မှာ အများဆုံးဖြစ်ပွားခဲ့ရာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ၊ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စုဘက်က သေဆုံးသူ (၁၄) ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ (၅) ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ချောက်မှာ မြေပဲနူတ်သွားတဲ့ ရွာခံအမျိုးသားတွေ ပေါ်တာဆွဲဖမ်းဆီးခံရ၊ စစ်အုပ်စုက အနီးအနားကျေးရွာတွေကို မျိုးစုံဖိနှိပ်ပြီး စစ်​ကြောင်းဝင်ဓားပြတိုက်နေ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြေပဲနုတ်သွားတဲ့အမျိုးသား ၁၈ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးပြီး ရက် ၂၀ ကျော်လာချိန်အထိ မိသားစုနဲ့ အဆက်သွယ်လုပ်ခွင့်မပေးဘဲ တစ်နေရာဆီ ပို့ဆောင်လိုက်သလို ဒေသခံတွေကိုလည်း ဖိနှိပ်စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ပေါက်တွင် အသေခံဒရုန်းများအသုံးပြုပြီး စစ်ကြောင်းထိုးနေသည့်စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှာ အသေခံဒရုန်းတွေအသုံးပြုပြီးစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း မြိုင်ပကဖ ထံက သိရပါတယ်။ ဒီဇင်ဘာလ ၉ရက်နေ့ကစလို့ ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ရင်း တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိနေတာပါ။
Read More

မှော်ဘီလေတပ်က စစ်လေယာဥ်အချို့ကို ဧရာဝတီတိုင်းကို ပြောင်းရွှေ့ထားရှိ…

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လေတပ်စခန်းက အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဥ်နဲ့ ဗုံးကြဲလေယာဥ်အချို့ကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို လုံခြုံရေးအရ ပြောင်းရွှေ့ထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။