ငလျင်အတွက် ကယ်ဆယ်ရေးအဖွဲ့တွေအားလုံး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရမှာသာ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။

ငလျင်ကူညီကယ်ဆယ်ရေးလုပ်မယ့် ဘယ်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာ ရပ်တည် ဆောင်ရွက်ခွင့်မရှိဘူးလို့ ဒုစစ်ခေါင်းဆောင်စိုးဝင်းက ဧပြီ ၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။  

“တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာနယ်မြေများသို့ ရောက်ရှိလာတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ NGO အဖွဲ့အစည်းများကို မိမိတို့ကူညီကယ်ဆယ်ရေးအဖွဲ့များနဲ့ အတူတကွ ပူး ပေါင်း ဆောင်ရွက်မှသာ ခွင့်ပြုပေးဖို့လိုတယ်” လို့ ဒုစစ်ခေါင်းဆောင်က ဆိုပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေဆီ သွားရောက်ကူညီမယ့် ယာဉ်တချို့ကို စစ်ကောင်စီက စစ်ဆေးတင်းကျပ်မှုတွေကို အခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့ပါတယ်။  

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာသတင်းမီဒီယာတွေအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ သွားရောက် မြေပြင်သတင်းရယူခွင့်တွေကိုလည်း ကန့်သတ်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

VPN ဝန်ဆောင်မှုပေးခြင်းကို ထောင် ၆လအထိ အရေးယူနိုင်မည့် ဆိုင်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း အသက်သွင်း

ခွင့်ပြုချက်မရှိဘဲ VPN ၀န်ဆောင်မှုပေးခြင်း အပါအဝင် အင်တာနက်အသုံးပြုရာမှာ ပိတ်ဆို့ကန့်သတ်အရေးယူနိုင်မယ့် ဆိုင်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက မနေ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် အသက်သွင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
Read More

မုဒုံ ရွှေဟင်္သာဈေးရှေ့တွင် စစ်တပ်နောက်လိုက် ပျူစောထီး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ အကြမ်းဖက် စစ်တပ်နောက်လိုက် ပျူစောထီးတစ်ယောက်ကို သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းနှင့်ကျောက်တော်မြို့မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၁၀ နှစ်အောက် ကလေးငယ် ၂ ဦးအပါ ၁၄ ဦး သေဆုံးကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်နဲ့ ကျောက်တော်မြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကန်ဖန်းရွာမှ အလင်း၀င်လာတဲ့ ပြည်သူ့စစ် ၁၀၀ကျော်ကို KIA ကဂုဏ်ပြု

ကချင်ပြည်နယ် ဖီမော်မြို့၊ ကန်ဖန်းရွာမှ KIA နဲ့ ပူးပေါင်းပြီးအလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

သံတောင်ကြီးမှာ သင်တန်းတက်ဖို့ ခရီးထွက်လာတဲ့ ပါရဂူသမားတော် ဗိုလ်မှူးအဆင့်ရှိသူကို မိသားစုဝင်တွေနဲ့အတူ ဖမ်းဆီးရမိ…

ပဲခူးတိုင်းအတွင်းက လမ်းပိုင်းတစ်နေရာမှာ သင်တန်းတက်ဖို့ ခရီးထွက်လာတဲ့ ပါရဂူသမားတော် ဗိုလ်မှူးအဆင့်ရှိသူကို မိသားစုဝင်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရန်ကုန်တိုင်း စစ်ဌာနက သတင်းထုတ်ပြန်လာပါတယ်။