မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် သူတို့ရဲ့ တရားဝင်ထိန်းသိမ်းရေးစခန်းတွေက စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် တရားဝင်ထိန်းသိမ်းရေးစခန်းတွေဖြစ်တဲ့ စစ်ကြောရေးမှာ သေဆုံးသူ အမျိုးသား (၄) ယောက်၊ ရဲစခန်းမှာ သေဆုံးသူ အမျိုးသား (၃) ယောက်၊ အကျဉ်းထောင်တွေမှာ သေဆုံးသူ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၅) ယောက် စုစုပေါင်း (၁၃) ယောက်ကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။
မတ်လ ၁၉ ရက် ညပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံရပ်ကွက်က လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုနေတိုးဟာ ကိုရီးယား(BXT)ဆိပ်ကမ်းအနီး မုန့်ဝယ်စားနေချိန် ကင်းလှည့်နေတဲလ အကြမ်းဖက်စစ်အုပ်စုက ရိုက်နှက်ပြီး အာရက္ခတပ်တော်(AA)နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် စစ်တွေမြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှာ စစ်ဆေးကာ ညဉ်းပန်းနှိပ်စက်မှုကြောင့် သေလုမြောပါးဒဏ်ရာတွေ ရရှိပြီး သုံးရက်အကြာ စစ်တွေဆေးရုံကို ပို့ဆောင်ချိန် လမ်းခုလတ်မှာပဲ သေဆုံးသွားခဲ့ပြီး မတ်လ ၂၁ ရက်မှာ မိသားစုဝင်တွေဆီ ရုပ်အလောင်းကို စစ်တွေဆေးရုံမှာ လာရောက်ထုတ်ယူဖို့ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာသိမ်းချိန်ကစလို့ ဧပြီလ ၄ ရက် မနေ့ကအထိ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတို့ကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ (၆၄၈၁) ယောက် ရှိပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
ပုံအဟောင်းကို အသုံးပြုထားပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတဲ့ မုဒုံက စစ်ကောင်စီရဲ့ အမတ – ၃၁၈ ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ် အမတ-၃၁၈ ဟာ သူတို့အနီးဝန်းကျင်မှာရှိတဲ့ ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေက ရှော့တိုက်ဒုံး၊ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် - MSRF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျွန်းစုမြို့နယ်ရှိ ပျုစောထီးစခန်း တိုက်ခိုက်ခံရပြီး ပျုတစ်ဦး သေဆုံးကာ လက်နက်တစ်လက် သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ထဲ က ပျုစောထီးစခန်း တိုက်ခိုက်ခံရတဲ့ အတွက်သေဆုံးသူတွေ ရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က သူ့တပ်သားများအား ခရီးသွားအသွင်ဖြင့် ဂန့်ဂေါ ခလရ ၅၀ ကိုပို့ဆောင်နေ

အကြမ်းဖက်စစ်တပ်ဟာ သူ့ရဲ့တပ်သားတွေကို မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့ ခလရ ၅၀ ထဲကို ခရီးသွားအသွင်နဲ့ ပို့ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များဆီက သိရပါတယ်။ ယခုလ ဒီဇင်ဘာလအတွင်းမှာ ပုခုက္ကူမြို့တပ်မ ၁၀၁ အပါဝင် တခြားသောတပ်တွေဆီကတပ်သားတွေကို ခလရ ၅၀ ထဲကို ရရာနည်းလမ်းတွေနဲ့ အင်အားဖြည့်ပို့ဆောင်နေတာ ဖြစ်ပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ်(၅) ကို စစ်ရေးချုပ်ခူးရီးဒူ လာရောက်တွေ့ဆုံ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၅) ကို KNDF တပ်ဖွဲ့ရဲ့ စစ်ရေးချုပ် ခူးရီးဒူ လာရောက်တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းတွင် တပ်ဖွဲ့အချိန်းအပြောင်းလုပ်နေသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ ဘောင်ဒါအထိုင်စခန်းကနေ လူအချိန်းအပြောင်းလုပ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင် အမှတ် (၂)၊ ၃၆၀၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

မှော်ဘီက စစ်တပ်လက်အောက်ခံ မြဝတီ အသံလွှင့်ရုံဝန်းထဲ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်တပ်လက်အောက်ခံ မြဝတီအသံလွှင့်ဌာနဝန်းထဲကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း Yangon Army (YA) က သတင်းထုတ်ပြန်ပါတယ်။