အကြမ်းဖက်စစ်ကောင်စီက အပစ်ရပ်ကြောင်း ဟန်ပြကြေညာပြီးနောက် နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီး အပါအဝင် ပစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း ၆၃ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၆၈ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေအတွင်း ကလေးငယ် (၁) ယောက်နဲ့ အမျိုးသမီး (၁၅) ယောက် အပါအဝင် အရပ်သားပြည်သူ (၆၈) ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ဧပြီ (၂) ရက်မှာ ငလျင်ဒဏ် ပြန်လည်ထူထောင်ရေး ရက် (၂၀) ကြာ ယာယီ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို ဧပြီ ၃ ရက် မနက်ပိုင်းမှာ တစ်ကြိမ်၊ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တနိုင်းရွာကို မနက် (၁၀) နာရီမှာ တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုက ဧပြီ (၃) ရက်မှာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း မြေပြင်စစ်ကြောင်းတွေကတစ်ဆင့် ထိုးစစ်ဆင်မှု‌တွေပြုလုပ်နေခဲ့တာကြောင့် ကျေးရွာ (၆) ရွာက အရပ်သားပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေခဲ့ရတယ်လို့ ဆိုပါတယ်။
မတ် (၂၈) ရက်နေ့ ဖြစ်ပွားခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ဘေးဒဏ်ကို ကြုံတွေ့နေရပြီး နောက် ပိုင်းတပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုစုစုပေါင်း (၆၃) ကြိမ်အထိ ပြုလုပ်ခဲ့ရာမှာ ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှု (၁၃) ကြိမ်နဲ့ မန္တလေးတိုင်းအတွင်း (၈) ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေ အတွက် အရေးပေါ် အကူအညီတွေ ပေးအပ်ရာမှာ အကြမ်းဖက်စစ်အုပ်စုကတစ်ဆင့် တိုက်ရိုက်ကူညီတာ မလုပ်ဆောင်ဖို့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေကတစ်ဆင့် နည်းလမ်းတွေ ဖော်ထုတ်ပြီး ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေပြုလုပ်ပေးနိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

၂ ရက်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည့် ထီးလင်းနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အောင်းရွာအနောက်မြောက်ဘက်မှာ ၂ ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် အဆိုပါနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အမျိုးသမီးတစ်ယောက်ကို ပစ်သတ်ခဲ့တဲ့ PDF ဒုတပ်ခွဲမှူးကို ထောင်ဒဏ် (၁၀) နှစ်ချမှတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာက အမျိုးသမီးတစ်ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) - ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေ က ပစ်သတ်ခဲ့တယ်လို့ အကျဉ်းစစ်တရားရုံးချုပ် အမှတ် (၂/၂၀၂၄) ဖွဲ့စည်းစစ်ဆေးမှုအရ ​ပေါ်​ပေါက်ခဲ့တာကြောင့် ကျူးလွန်သူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင် လေ့ကျင့်ရေးတပ်ဝန်းအတွင်း တန်းစီနေချိန် ဗုံးကြဲခံရ၊ ၂ ပွင့်ဗိုလ်အပါ ၁၅ ဦး သေပြီး အယောက် ၅၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ လေ့ကျင့်ရေး (၃) တပ်ရင်း ၁၆ ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်က ဗိုလ် ၁ ယောက်အပါအဝင် သေဆုံးသူ ၁၅ ယောက်ရှိခဲ့ကြောင်း အောင်သပြေညီနောင် (ကျောက်ဆည် PDF) တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

မြောင်းမြထောင်တွင် အာဏာပိုင်များ ငွေကြေးတောင်းခံခြင်းနှင့် အကြမ်းဖက် ရိုက်နှက်မှုများ လုပ်ဆောင်နေ

ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို အိပ်ဆောင်အတွင်း အကြောင်းပြချက်မရှိ ငွေကြေးတောင်းယူကာ အခန်းလူကြီးတွေကို ခွဲခြမ်းပေးခြင်းဖြင့် အနိုင်ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းပျူစောထီးကျေးရွာကိုု တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ပျူစောထီး ၁၈ ဦးအရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ…

" ဖမ်းဆီးရမိတဲ့ ပျူစောထီးတွေကို ထိပ်တုံးခတ် ချုပ်နှောင် ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်၊ သူတို့ကို ဥပဒေအရ ဆက်လက် အရေးယူသွားမှာပါ " လို့ ‌ရွှေဘိုခရိုင်အမှတ် (၁၈) တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ နေမျိုး(ပဲခူး)က မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

စစ်ကောင်စီရဲ့ အောင်ဇေယျ ရှေ့တန်းစခန်းကို ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ ရရှိ

မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ အောင်ဇေယနာမည်နဲ့ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ရဲ့ ယာယီစခန်းတစ်ခုကို ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။