စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီ ၁ ရက် ‌လေကြောင်းဗုံးကြဲမှု လုပ်ဆောင်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့ထံက သိရပါတယ်။

မိတ္ထီလာလေတပ်စခန်းကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ အင်းတော်မြို့ရှိ မြို့မဘုန်းကြီး ကျောင်းကို ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ရပ်တော်မူရုပ်ပွားတော်၊ မြို့တော်ခန်းမနဲ့ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်နဲ့ အတူရှိနေတဲ့ အရပ်သားပြည်သူ ၂ ယောက်သေဆုံးခဲ့ပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မြို့ပေါ်ပြည်သူတွေ ငလျင်ဒဏ်အပြင်းအထန်ခံစားနေချိန်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိရောက်စွာ မလုပ်ဆောင်ဘဲ အရပ်သားပြည်သူတွေကို လေ ကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် မသေသင့်ဘဲ ပြည်သူအများအပြားသေဆုံးနေရတယ်လို့ Indaw Revolution-IR အဖွဲ့က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အတွင်းကို ၁၀၇ မမရှော့ တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Brave Warriors for Myanmar (BWM) က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို ‌တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ထုတ်လုပ်နေတဲ့ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းကို ထုတ်ပြန်ပြသ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ လက်နက်ထုတ်လုပ်နေတဲ့ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ ထုတ်လုပ်နေတဲ့ လက်နက်တွေကိုအကြောင်းတွေကို ပြည်သူ့ရဲဘော်လေးက ယခုလိုပဲ ရှင်း ပြခဲ့ပါတယ်။
Read More

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ် ဓာတုဓာတ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင် 

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က တော်လှန်ရေးရဲဘော်တွေကို ဓာတုဓာတ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Karenni Democratic Front က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်မှု တိုင်းဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိအပါအဝင် ၁၅ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဇန်နဝါရီ ၁၄ ရက် ည ပိုင်းက ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother -CRB အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ စက်တပ်လေထီး ၂ စီးကို တော်လှန်ရေးတပ်တွေ ပစ်ခတ်၊ အကြမ်းဖက် မောင်းသူတစ်ဦး ပေါင်ထိမှန်ကာ ဖြတ်တောက်ခံရနိုင် (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ ကနေ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို ဗုံးကြဲဖို့ တက်လာတဲ့ စက်တပ်လေထီး Paramotor ၂ စီးကို တော်လှန်ရေရဲဘော်တွေက ပွိုင့်-၅ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။