လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့တဲ့ မြန်မာ့ငလျင်ဘေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စင်္ကာပူက ပိုးဟပ်စက်ရုပ်တွေကို အသုံးပြုခဲ့တယ်လို့ The Straits TImes သတင်းမှာ ဖော်ပြပါတယ်။
စင်္ကာပူကနေ လေယာဉ်နဲ့ သယ်ဆောင်လာတဲ့ ပိုးဟပ်စက်ရုပ် ၁၀ ကောင်ဟာ မြန်မာပြည်မှာ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ စင်္ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF)၊ ခြင်္သေ့နှလုံးသားစစ်ဆင်ရေးအဖွဲ့နဲ့ မတ်လ ၃၀ ရက်က ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ဒီလိုမျိုး စက်ရုပ်တွေကို အသုံးပြုပြီး လူသားချင်းစာနာမှုလုပ်ငန်းတွေကို ကမ္ဘာမှာပထမဆုံး ဆောင်ရွက်တာဖြစ်သလို အင်းဆက်စက်ရုပ်တွေကို တကယ့်မြေပြင်မှာ ပထမဆုံးအကြိမ် အသုံးပြုတာလည်း ဖြစ်ပါတယ်။
ပိုးဟပ်စက်ရုပ်တွေကို နန်ယန်နည်းပညာတက္ကသိုလ်၊ Engineering and Solutions တို့နဲ့အတူ Home Team Science and Technology Agency (HTX) တို့က တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။ ယင်းပိုးဟပ်စက်ရုပ်တွေကို မြန်မာနိုင်ငံမှာ မတ်လ ၃၁ ရက်က ပထမဆုံး သုံးစွဲခဲ့တာဖြစ်ပြီး ဧပြီ ၃ ရက်က နေပြည်တော်မှာ နှစ်ကြိမ် အသုံးပြုခဲ့ပါတယ်။
၎င်းတို့ကိုအသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသက်ရှင်ကျန်ရစ်သူတွေကို တွေ့ရှိခြင်းမရှိခဲ့ပေမဲ့ အဆိုးရွားဆုံးထိထားတဲ့နေရာတွေမှာ မြေပြင်ရှာဖွေရေးလုပ်ငန်းတွေကို အကူအညီဖြစ်စေခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်မှာ SCDF က ကယ်ဆယ်ရေးအင်အား ၈၀ နဲ့ ရှာဖွေရေး ခွေး ၄ ကောင်ကို မြန်မာနိုင်ငံကို စေလွှတ်ခဲ့တာဖြစ်ပြီး အင်ဂျင်နီယာ ၄ ဦးပါဝင်တဲ့ HTX အဖွဲ့က ပိုးဟပ်တွေနဲ့အတူ နောက်တရက်မှာ ကယ်ဆယ်ရေးအဖွဲ့ထံ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။
၆ စင်တီမီတာ အရှည်ရှိတဲ့ စက်ရုပ်ပိုးဟပ်တွေဟာ အနီအောက်ရောင်ခြည်သုံး ကင်မရာတွေနဲ့ အာရုံခံကိရိယာတွေ တပ်ဆင်ထားတာဖြစ်ပြီး အဲဒီကတဆင့်ရရှိတဲ့ အချက်အလက်တွေကို အသက်ရှင်သူ ရှိမရှိဆုံးဖြတ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေထံ ပေးပို့ပေးတာဖြစ်ပါတယ်။
အဆိုပါစက်ရုပ်တွေဟာ သုတေသနလုပ်ဆဲ၊ တီထွင်ဆဲ အဆင့်မှာသာ ရှိနေပေမဲ့ မြန်မာပြည်ငလျင်ဘေးမှာ SCDF ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို နည်းပညာနဲ့ အားဖြည့်ဖို့ HTX က အသုံးပြုခဲ့တာဖြစ်ပါတယ်။
လက်တွေ့နယ်ပယ်မှာ (စက်ရုပ်တွေ) အသုံးချခဲ့တာဟာ အကူအညီ သိပ်မဖြစ်သေးပေမဲ့ နည်းပညာရဲ့ အလားအလာအပေါ် အကောင်းမြင်နေဆဲဖြစ်တယ်လို့ HTX ရဲ့ အင်ဂျင်နီယာတဦးဖြစ်သူ Mr Ong Ka Hing က ဆိုပါတယ်။
“စင်ကာပူမှာ စမ်းသပ်တာနဲ့ တခြားစီပဲ။ ဒီမှာက တကယ်ဖြစ်နေတာ၊ အမြဲပြောင်းလဲနေတဲ့ အခြေအနေမှာ ဖြစ်နေတာပါ … ကျွန်တော်တို့အနေနဲ့ နည်းပညာဆိုင်ရာ ပြဿနာအချို့ ကြုံတွေ့ခဲ့ရတယ်၊ လွယ်ကူချောမွေ့ အဆင်ပြေတာချည်းတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း ဒါ‌တွေအားလုံးက အနာဂတ်တီထွင်မှုတွေကို တိုးတက်ကောင်းမွန်အောင် ကျွန်တော်တို့ကို ကူညီပေးမဲ့ အရမ်းတန်ဖိုးရှိတဲ့ သင်ခန်းစာတွေပါပဲ” လို့ သူက ပြောပါတယ်။
News- The Straits TImes
0 Shares:
You May Also Like
Read More

MNDAA နဲ့ မြန်မာစစ်တပ် အပစ်ရပ်သဘောတူညီမှုစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးကြောင်း တရုတ်နိုင်ငံခြားရေး ပြော

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ မြန်မာစစ်တပ်တို့ဟာ စနေနေ့က စတင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
Read More

ပေါက်ကိုယ်တော်နှင့် နှုတ်ခမ်းမွှေး တွေ့ဆုံမှု ထိုင်းရောက် တော်လှန်ပြည်သူများ သတိထားစရာဖြစ်လာ

ပေါက်ကိုယ်တော်လို့ လူသိကြတဲ့ စစ်တပ်လက်အောက်ခံ သင်္ကန်းဝတ် ပျူခေါင်းဆောင်ဟာ ထိုင်းနိုင်ငံကို သွား‌ရောက်ပြီး ထိုင်းမျိုးချစ် နှုတ်ခမ်းမွှေးလို့ ခေါ်ကြတဲ့ ဆုန်ချိုင်နီ (ယမ်) ဟုမ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သူ့ရဲ့ တစ်တော့မှာ အသိပေးဖော်ပြထားပါတယ်။
Read More

မြန်မာ့လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးအသွင်ပြောင်းတာတွေ ကန့်ကွက်ကြောင်း တရုတ် ပြော

မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးအသွင်ပြောင်းတာတွေအပေါ် ကန့်ကွက်တယ်လို့ တရုတ်အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းက ဖော်ပြပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ တာလယ် ဗျူဟာစစ်စခန်းကို KNLA ပူပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တာလယ်ဗျူဟာ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဂျပန်အစိုးရ သံသယရှိ

၂၀၂၆ ဇန်နဝါရီလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အီဝါယာ က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ Human Right Watch က ဖော်ပြပါတယ်။
Read More

မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံပြီး NUG အစိုးရနှင့် ဆက်ဆံရေးကောင်းရှိသည့် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အီဂျဲမြောင် တောင်ကိုရီးယားနိုင်ငံ သမ္မတ ဖြစ်လာ

မြန်မာ့နွေဦးတော်လှန်ရေး စတင်ချိန်ကစလို့ မြန်မာ့ဒီမိုကရေစီအရေးကို အစဥ်အားပေးထောက်ခံခဲ့တဲ့ အီဂျဲမြောင်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ၂၁ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး သမ္မတဖြစ်လာပြီဖြစ်တယ်လို့ သိရပါတယ်။