ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီလ ၄ ရက်က မြန်မာစစ်ခေါင်းဆောင် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်စာမျက်နှာမှာမှာ ချီးကျူးစကားတွေ ရေးသားတင်ခဲ့ပြီးနောက် ပြန်လည်ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချီးကျူးတဲ့ စာသားတွေနဲ့ တင်ထားတဲ့ အဆိုပါပို့စ်အောက်မှာ မြန်မာပြည်သူတွေက ပြင်းထန်တဲ့ ကန့်ကွက်စာတွေ ရေးသားခဲ့ပြီးနောက် ဧပြီ ၅ ရက် ဒီနေ့မှာတော့ ဘူတန်ဝန်ကြီးချုပ်က ပို့စ်ကို ပြန်လည်ဖယ်ရှားခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်မင်းအောင်လှိုင်ဟာ မြန်မာပြည်သူလူထုရဲ့ တရားဝင်ခေါင်းဆောင်မဟုတ်ဘဲ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်တစ်ယောက်သာ ဖြစ်ပြီး မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံတာ မပြုလုပ်ဖို့နဲ့ တရားဝင်မှုပေးတဲ့ လုပ်ရပ်မျိုးကို ရှောင်ရှားဖို့ စတဲ့ ကန့်ကွက်ဆန့်ကျင်တဲ့ မှတ်ချက်ပေါင်းများစွာ ရပြီးနောက် ဘူတန်ဝန်ကြီးချုပ်က ပို့စ်ကို ပြန်လည်ဖယ်ရှားလိုက်တာဖြစ်ပါတယ်။
ဘူတန်ဝန်ကြီးချုပ် တင်ခဲ့တဲ့ ပို့စ်မှာ ဘူတန်-မြန်မာ ဆက်ဆံရေး ခိုင်မာစေကာ လာမယ့်နှစ်တွေမှာ ပိုမိုနီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တည်ဆောက်ဖို့ မျှော်လင့်သလို ငလျင်ဘေးမှာလည်း ဘူတန်ဘုရင်က တက်နိုင်သမျှ ပံ့ပိုးကူညီမယ်လို့ ပြောကြားကြောင်း အစရှိတာတွေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ (၆) ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်ရခဲ့တဲ့ အကြမ်းဖက်မင်းအောင်လှိုင်ဟာ ဘူတန်ဝန်ကြီးချုပ်နဲ့ ဧပြီလ ၄ ရက်က ဘန်ကောက်မြို့ရှိ Shangri-La ဟိုတယ်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ပုံစာ – ဘူတန်ဝန်ကြီးချုပ် ပြန်လည်ဖြုတ်ချခဲ့တဲ့ လူမှုကွန်ရက်က ပိုစ့်
0 Shares:
You May Also Like
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးနဲ့ ဥရောပကောင်စီ လွှတ်တော်အမတ်တို့ မြန်မာ့အရေးဆွေးနွေးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံ အောက်လွှတ်တော် ကာကွယ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့ ဥရောပကောင်စီ လွှတ်တော်အမတ် ဖြစ်သူ Hon. Piero Fassino ကို အီတလီနိုင်ငံ ၊ ရောမမြို့က လွှတ်တော်အဆောက်အဦးဧည့်ခန်းမမှာ အောက်တိုဘာ (၁၈ )ရက် ဒီနေ့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

လန်ဒန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲ ပြုလုပ်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲကို မနေ့က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
Read More

ရောင်နီ Live in  Francisco ဂီတဖျော်ဖြေပွဲမှ  ရန်ပုံငွေ ဒေါ်လာ ၁၄၅,၀၀၀ ရရှိ၊ အကျိုးအမြတ်အားလုံး ပြန်လည် လှူဒါန်းမည်

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်တဲ့ ရောင်နီ Live in Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ရံပုံငွေ ကန်ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့ရာ အကျိုးအမြတ်အားလုံးကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ ကျားဖြန့်လိမ်လည်မခံရစေဖို့ ထိုင်းအာဏာပိုင်တွေ ပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လိမ်လည်မှု မခံရစေဖို့အတွက် အသိပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်နေတယ်လို့ သိရပါတယ်။
Read More

ဘန်ကောက်မှာ အသက် ၇၀ အရွယ်အမျိုးသားကို မြန်မာတဦးက ပစ်သတ်မှုဖြစ်ပွား၊ သေနတ်လုရင်း ပစ်ခတ်မိခြင်းဟု ဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားတဦးဟာ ၎င်းရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ရဲ့ လုပ်ငန်းခွင်ဆီ ဝင်ရောက်တာကို ပိတ်ပင်ခံရတာကြောင့် အသက် ၇၀ အရွယ် ထိုင်းအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ‌ဖော်ပြပါတယ်။ 
Read More

မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံထံ တောင်းဆိုထားဟု ဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က BIMSTEC အစည်းအဝေးကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို Burmese Rohingya Organisation UK က တိုက်တွန်းလိုက်ပါတယ်။