ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ စစ်ကောင်စီသံရုံးရှေမှာ အကြမ်းဖက် မင်းအောင်လှိုင်ကို ထိုင်းအရပ်ဘက်အဖွဲ့တွေ ဆန္ဒပြခဲ့ပြီး BIMSTEC အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ ထိုင်းအစိုးရကိုလည်း ကန့်ကွက်ရှုတ်ချခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးရှေ့မှာ ထိုင်းအရပ်ဘက်အဖွဲ့တွေက ဧပြီ ၅ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ လာရောက် ဆန္ဒပြခဲ့တာဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကြေညာချက်ကိုလည်း ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လူသတ်ကောင် မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံဆီ ဖိတ်ကြားမှုအတွက် ထိုင်းအစိုးရကို ကန့်ကွက်ရှုတ်ချခဲ့ပြီး စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေ ဖြတ်တောက်ဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဒီနေ့ မနက်ပိုင်းမှာလည်း ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးမှာ မင်းအောင်လှိုင်ကို ဆန္ဒပြဖို့ လုပ်ဆောင်နေတဲ့ ထိုင်းအရပ်ဘက်အဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့တွေက တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့က ကြားဝင် တားဆီးခဲ့ရပါသေးတယ်။
ဓာတ်ပုံ – The Reporters
0 Shares:
You May Also Like
Read More

ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့ ဘန်ကောက်မှာ လူထောင်ချီ ဆန္ဒပြ

ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ချင်းရိုင်ခရိုင်မှာ ရေကြီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးနေတဲ့ ထိုင်းဝန်ကြီးချုပ်ကတော့ “ဒါက သူတို့ရဲ့ ဆန္ဒထုတ်ဖော်ခွင့်ဖြစ်တယ်၊ ဒီအပေါ် ကျွန်မအနေနဲ့ တုံ့ပြန်ဖို့ ဆန္ဒမရှိပါဘူး” လို့ ပြောဆိုပြီး ဆန္ဒပြသူတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးပြောဆိုဖို့ လမ်းဖွင့်ထားကြောင်း သူမက ဆက်ပြောပါတယ်။
Read More

မြဝတီမှာ လူကုန်ကူးခံရသူ ၁၁၀ ယောက်ကို ကယ်ပေးဖို့ အရပ်ဘက်အဖွဲ့တွေ ထိုင်းဝန်ကြီးချုပ်ကို အကူအညီတောင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တောင်ကိုရီးယား သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့ ဒရမ်အတူတီးခတ်ပြီး နှစ်နိုင်ငံရင်းနှီးမှုကို ပြသ (ရုပ်/သံ)

ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးတစ်ခုအပြီးမှာ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချိတို့ဟာ ဒရမ်အတူတီးခတ်ပြီး နှစ်နိုင်ငံရဲ့ ရင်းနှီးမှုကို ပြသခဲ့ပါတယ်။
Read More

အိန္ဒိယက ရာနှင့်ချီသည့် ရိုဟင်ဂျာဒုက္ခသည်များကို နှင်ထုတ်ကြောင်း HRW ထုတ်ပြန်

အိန္ဒိယအာဏာပိုင်တွေဟာ ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံဆီ အတင်းအကျပ် နှင်ထုတ်နေပြီး ဥပဒေရေးရာ အကာအကွယ်တွေ မပေးဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဩဂုတ်လ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒေါ်နယ်ထရမ့် ဂျပန်ရောက်ချိန် မြန်မာ့အရေး ကူညီပေးရန် ဂျပန်ရောက်မြန်မာများ တောင်းဆိုဆန္ဒပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဂျပန်နိုင်ငံကို ရောက်ရှိလာချိန်ကာလမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိရောက်စွာ ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုဆန္ဒတဲ့ လှုပ်ရှားမှုကို ဂျပန်ရောက်မြန်မာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာဘက်မှ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်နဲ့ စစ်ကော်မရှင်တပ်က တပ်သား ၅ ဦး ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အဖမ်းခံရ

မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်သား ၁ ယောက်နဲ့ နယ်ခြားစောင့်တပ်သား ၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြထားပါတယ်။