ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ အဖိနှိပ်ခံလူထုလွတ်​မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ​ရဲဘော်ဝဿန်ရဲ့ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ရွှေဘိုတက္ကသိုလ်ဂိတ်တိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ကျည်သင့်ပြီး ကျဆုံးခဲ့တဲ့ ရဲဘော်ဝဿန်ရဲ့ ကျဆုံးခြင်း(၂)နှစ်ပြည့်ဝမ်းနည်း​ခြင်းအထိမ်းမှတ်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ယာယီဋ္ဌာနချုပ် တစ်နေရာရှိ ရဲဘော်ဝဿန်ရဲ့ အရိုးပြာအုတ်ဂူမှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အခမ်းအနားကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ကျန်ရစ်သူမိသားစု၊ ဗကသများအဖွဲ့ချုပ် တို့က လွမ်းသူ့ပန်းခွေတွေ ပေးပို့ခဲ့ပြီး၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)ရဲဘော်တွေက သေနတ်ပစ်ဖောက် အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။
ရဲဘော်ဝဿန်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၈ ရက်ကစလို့ ပခုက္ကူမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဖိနှိပ်ခံပြည်သူလူထုဖက်က မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကိုစစ်နဲ့ တုံ့ပြန်ရမယ်ဆိုတဲ့အသိနဲ့ လူထုအရေးတော်ပုံ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲဆင်နွှဲဖို့အတွက် ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF) ရဲ့ စစ်သင်တန်းအပတ်စဉ်(၁) မှာ သင်တန်းတက်ရောက်ခဲ့ပြီး တိုက်ပွဲဝင်ရင်း ကျဆုံးတဲ့အထိ စစ်အာဏာရှင်ကို တက်ကြွစွာ တွန်းလှန်တိုက်ထုတ်ခဲ့သူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ရဲဘော်ဝဿန်ဟာ ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF ရဲ့ ပခုက္ကူလှုပ်ရှားစစ်ဒေသနဲ့ ဝက်လက်လှုပ်ရှားစစ်ဒေသတွေမှာ တစ်နှစ်ခွဲခန့်ကြာအောင် တိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဒီမိုကရေစီအရေးမှာ တက်ကြွစွာ ပါဝင်ပြီး စစ်အာဏာရှင်ကို ဓမ္မဖြင့် တော်လှန်ခဲ့သည့် ရွှေညဝါဆရာတော် ပျံလွန်၊ ဆရာတော်နှင့်အတူ ထောင်မှ တစ်ရက်တည်း အတူလွတ်လာသည့် စာရေးဆရာ မောင်သာချိုလည်း ကွယ်လွန်

ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး အကြမ်းဖက်စစ်အာဏာရှင်ကို ဓမ္မနဲ့ တော်လှန်ခဲ့တဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟ ဟာ ဒီနေ့ မနက်အစောပိုင်းက ရန်ကုန်မြို့မှာ ပျံလွန်တော်မူခဲ့ပြီးနောက် စာရေးဆရာမောင်သာချိုလည်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဆက်သွယ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်…

အကြမ်းဖက်စစ်ကောင်စီက အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ သူမနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။
Read More

ရွှေဘိုတွင် ဆိုင်ကယ် ၁ စီးကို ၂ ဦးတွဲ စီးနင်းမိသည့် အမျိုးသား၂ ဦးကို စစ်ကောင်စီက နေပူလှန်း ဒူးထောက်ခိုင်းကာ ငွေညှစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှာ ဆိုင်ကယ်၁စီးတည်းကို လူ ၂ ယောက်တွဲ စီးနင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရီးသွား အမျိုးသား ၂ ယောက်ကို နေပူလှန်း ဒူးထောက်ခိုင်းပြီး ဆိုင်ကယ်သိမ်း၊ ငွေညှစ်တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်မှုထမ်းအဖြစ် ရောင်းစားခံရသူ ၁ဦး ပဲခူးခရိုင် အမှတ် (၂) တပ်ရင်းထံ လက်နက်နှင့် အလင်းဝင်၊ ၂၀၂၅ ခုနှစ်အတွင်း အလင်းဝင်ခိုလှုံသူ ၃၅ ဦးအထိ ရှိလာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ်မှုထမ်းတစ်ယောက် လက်နက်ခဲယမ်းတွေယူဆောင်ကာ အလင်းဝင်ရောက်လာပြီးတဲ့နောက် နှစ်ဝက်ကျော်အတွင်း ဘက်ပြောင်းခိုလှုံလာသူ ၃၅ ယောက်အထိ ရှိပြီဖြစ်ကြောင်း ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

လေးလတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၃၆၀ ကျော် သေဆုံးခဲ့ရ

ပြီးခဲ့တဲ့ ၂၀၂၄  စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ၄လတာမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှု ၄၄ ကြိမ်အတွင်း အရပ်သား ၃၆၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

PDF အမှတ် (၂) စစ်ဆင်ရေးနယ်မြေမှ အပတ်စဉ် (၁/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့တဲ့ အပတ်စဉ်(၁/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနား ပုံရိပ်တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။