စစ်ကိုင်းမြို့နယ်ကို ဗဟိုုပြုပြီး မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေး၊ အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသူ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က အတည်ပြုထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီး အဆောင် (၁) နဲ့ အဆောင် (၂) တို့က နိုင်ငံရေးအကျဉ်းသူတွေဖြစ်တဲ့ မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်းနဲ့ မဖူးဝေဝေ တို့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“သေဆုံးမှုတွေကိုတော့ ကျွန်တော်တို့ အဖွဲ့အနေနဲ့ အတည်ပြုထားပြီးဖြစ်ပါတယ်။ အတည်ပြုပုံ နည်းလမ်းစနစ်တွေကိုတော့ လုံခြုံရေးအရ ကျွန်တော်တို့ ပြောပြလို့ မရပါဘူး” လို့ PPNM မှ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကို ပြောပါတယ်။
အခုထုတ်ပြန်ထားတဲ့ သေဆုံးခဲ့တဲ့ အကျဉ်းသူ ၆ ယောက်ဟာ PPNM ရဲ့ ငလျင်ကြောင့် အိုးဘိုထောင်အတွင်းမှာ သေဆုံးသူ ၁၂ ဦးရှိတယ်ဆိုတဲ့ စုံစမ်း အတည်ပြုချက်ထဲမှာ ပါဝင်နေတယ်လို့ ဆိုထားပါတယ်။
ကိုသိုက်ထွန်းဦးကပဲ ဆက်လက်ပြီး “သေဆုံးသွားတဲ့ ထပ်တိုးအရေအတွက် ရှိနိုင်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ပြောတာ အတည်ပြုထားနိုင်တဲ့ အနည်းဆုံးအရေအတွက်ပါ” လို့ ဆိုပါတယ်။
စစ်ကိုင်းမြို့နယ်ကို အခြေပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ တိုးမြင့်လျက်ရှိနေပြီး လက်ရှိမှာတော့ သေဆုံးသူ အရေအတွက်မှာ ၃၀၀၀ ကျော်လာနေပြီ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်ဂိတ်စခန်းကို PDF ဝင်ပစ်ရာ စစ်အုပ်စု ကြောက်လန့်တကြား ထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပျူစောထီးဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုတွေ ကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၁) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

သီပေါမြို့မှာ သုံးရက်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ဒဏ်ရာရ၊ တစ်လတာတိုက်ပွဲအတွင်း တအာင်းဒေသမှာ အရပ်သား ၂၂ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းမှာ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်ကားကို နွားထိုးကြီး PDF ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၃ ဦး သေပြီး ၂ ဦး ထွက်ပြေးသွား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကား ၁ စီး ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေပြည်သာတွင် မဲရုံလုပ်မည့် အမှတ်(၁၃) ရပ်ကွက်ရုံးအား ပြောက်ကျားတပ်ဖွဲ့မှ ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲလုပ်ဆောင်ရာ အမှတ် (၁၃) ရပ်ကွက်ရုံးကို ဇန်နဝါရီ လ ၇ ရက်၊ ဒီနေ့ညနေပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Blood Line အဖွဲ့က ထုတ်ပြန်ထားပါတယ်။