မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ငဖဲ-စေတုတ္တရာလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အရပ်သားကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရမှုနဲ့ ပက်သက်ပြီး စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြား အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဧပြီလ ၃ ရက် ညပိုင်းက စေတုတ္တရာမြို့နယ်တောင်ပိုင်း၊ ကူတော်(ပျူစောထီး)ရွာနဲ့ အောက်ဝေါရွာအကြားမှာ အရပ်သားကား ၂ စီး တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တာနဲ့ ပက်သက်လို့ စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေမှာ PDF တပ်ဖွဲ့ဝင်တွေ လုပ်​ဆောင်ခဲ့တာဆိုပြီး ​ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။
” စစ်​ကောင်စီတပ်ကကောင်တွေ ဧပြီလ ၁ ရက်နေ့ ကတည်းက အဲ့နေရာနားကရွာတွေမှာ အင်အား ၃၀ ကျော်လောက်နဲ့ နယ်မြေရှင်းလင်းရေးလုပ်နေတာပါ။ နောက်ပြီး အဲ့နားမှာ ကူတော် ပျူရွာလည်းရှိပါတယ်။ အဲ့နေ့က လက်နက်သံတွေကြားတယ်ဆိုပြီး ပြည်သူတွေက ကျွန်တော်တို့ဆီ သတင်းပို့တယ်။ အဲလို ကြားပြီး မကြာဘူး မြို့မရဲစခန်းကနေ PDF တွေလုပ်ကြောင်း သတင်းထွက်တော့တာပဲ” လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာတော့ ​​စေတုတ္ထရာမြို့နယ်၊ အောင်နိုင်ကုန်းကျေးရွာကနေ မကွေးမြို့ကို မောင်းနှင်လာတဲ့ အရပ်သားကား ၂ စီးကို PDF တပ်ဖွဲ့ဝင်တွေက လမ်းပိုင်းတစ်နေရာကနေ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာ ကားပေါ်ပါလာတဲ့ အမျိုးသားအမျိုးသမီး ၄ ယောက်သေဆုံးပြီး ဘုန်းကြီး ၁ ပါး၊ သီလရှင်နဲ့ အမျိုးသမီး ၇ ယော​က် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြနေတာဖြစ်ပါတယ်။
“ဒါက တော်လှန်ရေးပုံရိပ်ကို ထိခိုက်နိုင်လို့ရှင်းတာပါ။ သိတဲ့ပြည်သူရှိသလို မသိတဲ့ ပြည်သူရှိရင် တော်လှန်ရေး ကို သဘောလွဲနိုင်တယ်” လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
အရပ်သားတွေအပေါ် ဖိနှိပ်မှုတွေ အမျိုးမျိုး လုပ်ဆောင်ရင်း ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်နေမှုအတွက် စစ်ကောင်စီကို လက်တုံ့ပြန်သွားမှာဖြစ်သလို အရပ်သားတွေအနေနဲ့လည်း စစ်​ကောင်စီအန္တရာယ်က လွတ်ကင်းနိုင်ဖို့ စေတုတ္တရာမြို့နယ်အတွင်း ခရီးသွားလာရင် မနက် ၅နာရီကနေ ည ၇ နာရီအတွင်းသာ သွားလာသင့်ပြီး လိုက်နာမှုမရှိပါက တာဝန်ယူမှာမဟုတ်ကြောင်း စေတုတ္တရာ မြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ဖြစ်စဥ်ဖြစ်ပွားရာနေရာပြမြေပုံနဲ့ တိုက်ခိုက်ခံရတဲ့ကားတစ်စီး
0 Shares:
You May Also Like
Read More

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်တပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ စာသင်ဆောင်နဲ့ အဆောက်အဦးတွေ ပျက်စီး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်များ ရေဖြူမြို့ကို ခေတ္တထိန်းချုပ်ကာ စစ်တပ်အခြေစိုက်စခန်းများကို မီးရှို့ရှင်းလင်း 

တနင်္သာရီတိုင်း၊ ရေဖြူမြို့မှာ ထားဝယ်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ်အခြေစိုက်စခန်းတွေကို ဝင်ရောက်စီနင်း တိုက်ခိုက်နိုင်ခဲ့သလို မီးရှို့ရှင်းလင်းမှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကို အလွန်အကျွံ အသုံးပြုတိုက်ခိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းနေရာမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PDF အမည်ခံပြီး ငွေညှစ်နေသူများကို NUG/MOD အရေးမယူရင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အရေးယူမည်ဖြစ်ကြောင်း Unicorn ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသအတွင်းမှာ PDF အမည်ခံပြီး ပြန်ပေးဆွဲ၊ ငွေညှစ်နေသူတွေကို NUG/MOD အနေနဲ့ အရေးယူခြင်းမလုပ်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရေးယူသွားမယ့်အကြောင်း Unicorn ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀၀ နီးပါးကို မလေးအာဏာပိုင်တွေ ဖမ်းဆီး

မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၁၉၆ ယောက်ကို မလေးအာဏာပိုင်တွေက ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားသတင်းက ဖော်ပြထားပါတယ်။ 
Read More

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ဦးကျော်ဇော် အနားယူ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။