အကြမ်းဖက်စစ်ကောင်စီက အပစ်ရပ်ကြောင်း ဟန်ပြကြေညာပြီးနောက် နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီး အပါအဝင် ပစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း ၆၃ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၆၈ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေအတွင်း ကလေးငယ် (၁) ယောက်နဲ့ အမျိုးသမီး (၁၅) ယောက် အပါအဝင် အရပ်သားပြည်သူ (၆၈) ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ဧပြီ (၂) ရက်မှာ ငလျင်ဒဏ် ပြန်လည်ထူထောင်ရေး ရက် (၂၀) ကြာ ယာယီ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို ဧပြီ ၃ ရက် မနက်ပိုင်းမှာ တစ်ကြိမ်၊ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တနိုင်းရွာကို မနက် (၁၀) နာရီမှာ တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုက ဧပြီ (၃) ရက်မှာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း မြေပြင်စစ်ကြောင်းတွေကတစ်ဆင့် ထိုးစစ်ဆင်မှု‌တွေပြုလုပ်နေခဲ့တာကြောင့် ကျေးရွာ (၆) ရွာက အရပ်သားပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေခဲ့ရတယ်လို့ ဆိုပါတယ်။
မတ် (၂၈) ရက်နေ့ ဖြစ်ပွားခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ဘေးဒဏ်ကို ကြုံတွေ့နေရပြီး နောက် ပိုင်းတပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုစုစုပေါင်း (၆၃) ကြိမ်အထိ ပြုလုပ်ခဲ့ရာမှာ ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှု (၁၃) ကြိမ်နဲ့ မန္တလေးတိုင်းအတွင်း (၈) ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေ အတွက် အရေးပေါ် အကူအညီတွေ ပေးအပ်ရာမှာ အကြမ်းဖက်စစ်အုပ်စုကတစ်ဆင့် တိုက်ရိုက်ကူညီတာ မလုပ်ဆောင်ဖို့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေကတစ်ဆင့် နည်းလမ်းတွေ ဖော်ထုတ်ပြီး ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေပြုလုပ်ပေးနိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် ဂိတ်ထွက်စစ်သည့် စစ်သားများ အနီးကပ်ပစ်ခံရပြီး ၁ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းမှာ ဂိတ်ထွက်စစ်တဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး နေရာမှာတင် ၁ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

မူးယစ်ဆေးဝါးသယ်ဆောင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် တာဝန်ခံတစ်ဦး SSTF တပ်ဖွဲ့ထံ လာရောက်အဖမ်းခံ

ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နယ်မှာ CDF - Hakha တပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ မူးယစ်ဆေးဝါးသယ်ဆောင်မှုမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တာဝန်ခံတစ်ယောက်ဟာ Salingyi Special Task Force (SSTF) တပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ် ။
Read More

တောင်သာမြို့နယ် သူကြီးအိမ်တွင် တပ်စွဲထားသည့် စစ်အုပ်စုအား PDF ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၅ ဦး ဒဏ်ရာပြင်းထန်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်အုပ်စု ခြေကုပ်ယူတပ်စွဲထားတဲ့ တမိုက်သားကျေးရွာ သူကြီးအိမ် တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ စစ်အုပ်စုက အရပ်သားလူငယ် ၁၁ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း -၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူတွင် ဝါသဝနှင့် စစ်ကောင်စီတပ်တွေ ကျေးရွာ ၂ရွာကို ဝင်ရောက်စီးနင်း ကလေးငယ်အပါ အရပ်သား၃ယောက်ကို သတ်ပြီး ၃၀နီးပါးကိုလည်း လူသားဒိုင်းလုပ် ဖမ်းဆီးထား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက် မင်းအောင်လှိုင်နှင့် သူ့မိန်းမ ကြူကြူလှ မင်းဘူး လာရန်ရှိ၍ လုံခြုံရေး အထူးတင်းကြပ်ထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကို လာဖို့ရှိနေတာကြောင့် မြို့ရဲ့ အဝင်အထွက်တွေနဲ့ မြို့ပေါ်နေရာတွေမှာ လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း မင်းဘူးစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

CDF CDM Siyin က စိုးမိုးနယ်မြေအတွင်းက ဘိန်းခင်းတွေကို လိုက်လံ ဖျက်ဆီး (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။