ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ စစ်ကောင်စီသံရုံးရှေမှာ အကြမ်းဖက် မင်းအောင်လှိုင်ကို ထိုင်းအရပ်ဘက်အဖွဲ့တွေ ဆန္ဒပြခဲ့ပြီး BIMSTEC အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ ထိုင်းအစိုးရကိုလည်း ကန့်ကွက်ရှုတ်ချခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးရှေ့မှာ ထိုင်းအရပ်ဘက်အဖွဲ့တွေက ဧပြီ ၅ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ လာရောက် ဆန္ဒပြခဲ့တာဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကြေညာချက်ကိုလည်း ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လူသတ်ကောင် မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံဆီ ဖိတ်ကြားမှုအတွက် ထိုင်းအစိုးရကို ကန့်ကွက်ရှုတ်ချခဲ့ပြီး စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေ ဖြတ်တောက်ဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဒီနေ့ မနက်ပိုင်းမှာလည်း ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးမှာ မင်းအောင်လှိုင်ကို ဆန္ဒပြဖို့ လုပ်ဆောင်နေတဲ့ ထိုင်းအရပ်ဘက်အဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့တွေက တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့က ကြားဝင် တားဆီးခဲ့ရပါသေးတယ်။
ဓာတ်ပုံ – The Reporters
0 Shares:
You May Also Like
Read More

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ထိုင်းဘက်မှ စတင်ခြင်းမဟုတ် ဟု ထိုင်းသံရုံးထုတ်ပြန်

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာနဲ့ ပစ်ခတ်မှုတွေမှာ ထိုင်းနိုင်ငံဘက်က စတင်ခြင်းမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

“အတုအယောင်” ရွေးကောက်ပွဲအပေါ် မြန်မာစစ်အုပ်စု၏ ထုတ်ပြန်ချက်ကို မလေးရှားမူဝါဒအဖွဲ့များ အပြစ်တင် အာဆီယံကို အသုံးချခံမဖြစ်စေရန် မလေးရှားအစိုးရကို သတိပေး

အာဏာသိမ်းစစ်အုပ်စု၏ ဝါဒဖြန့်နေချက်နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ အသုံးချခံမဖြစ်ဖို့နဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မူအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ မလေးရှားပညာရှင်တွေနဲ့ မူဝါဒကျွမ်းကျင်သူတွေက အောက်တိုဘာလ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် စောင့်ကြည့်ရေးကိုယ်စားလှယ်များ မစေလွှတ်ရန် အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က အိန္ဒိယအစိုးရနှင့်လွှတ်တော်ဆီ အိတ်ဖွင့်ပေးစာ ပေးပို့

“စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်ဖြစ်သော အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံမည့်အစား မြန်မာနိုင်ငံတွင် စစ်မှန်သော နိုင်ငံရေးတည်ငြိမ်မှုနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လက်တွေ့ကျပြီး အထောက်အကူဖြစ်စေမည့် အကူအညီများကိုသာ ပံ့ပိုးပေးပါရန် အလေးအနက် မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်” လို့ အိတ်ဖွင့် ပေးစာမှာ ရေးသားထားခဲ့တာဖြစ်ပါတယ်။
Read More

TNLA ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၆ ဦးအား တရုတ်အစိုးရထံ လွှဲပြောင်းပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူ ၁၆ယောက်ကို တရုတ်အစိုးရထံ ဒီနေ့မနက်မှာ လွှဲပြောင်းပေးခဲ့ကြောင်း တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ထိုင်းဥပဒေနှင့် ယဉ်ကျေးမှုများကို အထူးဂရုပြု လိုက်နာကြရန် NUG တိုက်တွန်း

ထိုင်းနိုင်ငံမှာ ရောက်ရှိ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အိမ်ရှင်ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာပြီး ဒေသခံတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ တိုက်တွန်းလိုက်ပါတယ်။ 
Read More

ပေါက်ကြားသွားသည့် ဖုန်းပြောဆိုမှုကြောင့် ထိုင်းဝန်ကြီးချုပ်အား ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခအရေးနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ လျှို့ဝှက်ဖုန်းပြောဆိုခဲ့တဲ့ အသံမှတ်တမ်း ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ဆန္ဒပြနေတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။